Saturday, August 24, 2013

ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ALD မြို့နယ် ပါတီဝင်များ အကြွင်းမဲ့ ထောက်ခံ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပေါင်းစည်းခြင်းကို အကြွင်းမဲ့ ထောက်ခံသည်ဟု သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၏ ပြည်လုံးကျွတ် အစည်းအဝေးမှ ထပ်မံထုတ်ပြန်ခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို 'ရခိုင်အမျိုးသားပါတီ (Arakan National Party)' ဟူသော အမည်ဖြင့် ပူးပေါင်းသွားရန် ဇွန် ၁၇ ရက်က သဘောတူညီချက် ၁၁ ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ALD ၏ နောက်ဆုံးအကြိမ် ဖြစ်ဖွယ်ရှိသည့် ပြည်လုံးကျွတ် အစည်းအဝေးက ထပ်မံအတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများနှင့် ဖြစ်ပွားနေသော ပြဿနာများနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေး အင်အားစုများအားလုံး စည်းလုံးစေလိုသော ရခိုင်သံဃာတော်များနှင့် ပြည်သူများ၏ ဆန္ဒသဘောထားများနှင့် တိုက်တွန်းမှုများကြောင့် ရခိုင်နှစ်ပါတီ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အခြားရခိုင်နိုင်ငံရေး အင်အားစု အားလုံးလည်း ပူးပေါင်းရန် ပြင်ဆင်နေသည်။

ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ရာ၌ ဗဟိုဦးစီးအဖွဲ့ဝင် ၄၈ ဦးနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ၂၁ ဦးထိ တာဝန်ပေးအပ်ခဲ့ပြီး မှတ်ပုံတင်ရာတွင် ပါဝင်ရမည့် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးကိုလည်း အစည်းအဝေးတွင် အပြီးသတ် ရွေးချယ်ခဲ့သည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment