Saturday, August 24, 2013

ဆွစ်ဇာလန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဖက်ဒရယ်ဌာန၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံရေး ပါတီများနှင့် အစိုးရအဖွဲ့ဝင်များ ဆွစ်ဇာလန်တွင် သင်တန်းသွားတက်မည်

ဆွစ်ဇာလန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဆွစ်ဇာလန် ဖက်ဒရယ်ဌာန (Swiss Federal Department of Foreign Affairs) နှင့် Geneva Centre for Security Policy အဖွဲ့တို့မှ ဖိတ်ကြားချက်အရ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၂၄ ဦးသည် ဆွစ်ဇာလန်နိုင်ငံသို့ သင်တန်းသွားရောက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ၂၄ ဦးတွင် အစိုးရအဖွဲ့မှ ၁၄ ဦး အပါအ၀င် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် Myanmar Egress တို့မှ အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းခေါင်းစဉ်မှာ Training Course on International Relationship, Democratization and Human Security for Myanmar ဖြစ်ပြီး သုံးပတ်ကြာ သင်တန်းပေးသွားမည်ဖြစ်ကာ သြဂုတ် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်သည်။

"ပထမအပတ်မှာ Democratization and Good Governance၊ ဒုတိယအပတ်မှာ Human Security Sector၊ တတိယအပတ်မှာ Civil Society and Peace Building တွေ သင်မယ်။ စက်တင်ဘာ ၂၀ ရက်ပြန်ရောက်မယ်" ဟု သင်တန်းသွားတက်ရာတွင် လိုက်ပါမည့် ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment