ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး စုံစမ်းရေးကော်မရှင်မှ ပြန်လည်စိစစ်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
စက်မှုဝန်ကြီးဌာနတွင် သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။
"တကယ်လို့သာ သူ့ကားကို လူအယောက် ၂၀၀ လောက်က ၀ိုင်းပြီးဆွဲကြရင် အဲ့ဒီဒေသမှာ ရှိတဲ့လူတွေမှာ မိုဘိုင်းဖုန်းတွေ ရှိနေတယ်။ သတင်းထောက်တွေလည်း ရှိနေတယ်။ တကယ်လို့ ကုလသမဂ္ဂကလည်း တစ်ဦးချင်းစီ ပြောသွားတာပါ။ သူပြောတဲ့ပေါ် မူတည်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ပြောလာမယ်ဆိုရင်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက လိုအပ်သလို တုံ့ပြန်ရမှာပေါ့။ အဲ့ဒီအဖြစ်အပျက်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ လူတွေက သူ့ကားနားကို ယှဉ်ကပ်သွားတာက သူ့ကိုအန္တရာယ် ပြုမယ့်သူတွေ မဟုတ်ဘူး။ သူ့ကို စာပေးဖို့ ကပ်သွားတာပါ။ သူ့နားမှာလည်း လုံခြုံရေး အပြည့်အ၀ ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ဦးရဲထွဋ်က "သူပြောတာနဲ့ ဒီမှာဖြစ်ပျက်တာက အနည်းနဲ့အများ ကွဲလွဲနေတယ်။ ကျွန်တော်တို့ဆီမှာ လုံခြုံရေး ရဲအဖွဲ့အစည်းရဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ ကင်တားနားပြောတာနဲ့ နယ်မြေခံဖြစ်တာနဲ့ ခိုင်ခိုင်မာမာရှိအောင် စုံစမ်းစစ်ဆေးရေး တိုင်းဒေသကြီးက ပြန်လည်စိစစ်နေပါတယ်။ ပဋိပက္ခဖြစ်တဲ့ နေရာမျိုးဖြစ်ရင် သူ့ကိုမဖြတ်နဲ့လို့ ပြောရမှာပေါ့။ ဒေသအာဏာပိုင် ခွင့်ပြုချက်မပါရင် မသွားနဲ့ပေါ့။ ကျွန်တော်တို့က အေးအေးချမ်းချမ်း လူစုခွဲခဲ့တာပါ။ တုတ်တွေ၊ ဓားတွေနဲ့ ဆူဆူပူပူလုပ်ရင် ကျွန်တော်တို့ လူစုခွဲတဲ့နည်းက တစ်မျိုးတစ်ဖုံ ဖြစ်မှာပေါ့" ဟု ပြောကြားသည်။
Eleven Media Group






0 comments:
Post a Comment