Saturday, August 24, 2013

ပြည်ထောင်စု ၀န်ကြီးများနှင့် လူမှုအဖွဲ့အစည်းများ ဒုတိယအကြိမ် တွေ့ဆုံမည်

နိုင်ငံတော်သမ္မတရုံး ၀န်ကြီးများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့သည် သြဂုတ် ၂၅ ရက်တွင် ရန်ကုန်ရှိ Myanmar Peace Center ၌ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦအုန်းမြင့် တက်ရောက်ဆွေးနွေးရန် ရှိကြောင်းလည်း သိရသည်။

"၀န်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ဦးစီးပြီး လုပ်မယ်။ ကျွန်တော်ကတော့ ဒုတိယသမ္မတနဲ့ မွန်၊ တနင်္သာရီဘက်ကို လိုက်သွားပါတယ်။ မနက်ဖြန် လေယာဉ်နဲ့အမီ ပြန်လာမှာပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး သုံးပါးနှင့် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းတို့၏ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ပထမဆုံးအကြိမ် အကြံပြုဆွေးနွေးပွဲကို သြဂုတ် ၁၇ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment