Thursday, August 22, 2013

စီးရီးအေ ရင်ခုန်သံ(၁)

အီတလီစီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ် (၁)ကို လာမည့်ဩဂုတ် ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်တွေမှာ ကျင်းပသွားတော့မှာဖြစ် ပါတယ်။ ဒီပွဲစဉ်မှာ အေစီမီလန်၊ ဂျူဗင်တပ်၊ ရိုးမားတို့က အဝေးကွင်းပွဲတွေကစားရဖို့ရှိပြီး အင်တာမီလန်၊ နာပိုလီ၊ ဖီအိုရင်တီးနားတို့က အိမ်ကွင်းပွဲတွေကစားရမှာဖြစ်ကာ ဘယ်အသင်းတွေနိုင်ပွဲနဲ့ စဖွင့်နိုင်မလဲဆိုတာစောင့်ကြည့်ရ မယ်။

ဗီရိုနာ - အေစီမီလန် ၂၄-၈-၂၀၁၃ ည ၁ဝး၃၀

အေစီမီလန်က ပြင်ဆင်မှုအားမကောင်းဘူး။ သာမန် အဆင့်ကစားသမားတွေကို ခေါ်ယူထားတယ်။ ဒါပေမယ့် ရှာရာဝီလ်၊ ဘာလော့တယ်လီ၊ ပက်ဇီနီ၊ မွန်တိုလီဗို တို့လို ကစားသမားကောင်းတွေကိုတော့ ဆက်ထိန်းထားနိုင်တယ်။ ဗီရိုနာကလည်း သာမန်ခြေစွမ်းသာရှိတယ်။

ဆမ်ဒိုးရီးယား - ဂျူဗင်တပ် ၂၅-၈-၂၀၁၃ နံနက် ၁း၁၅

တိဗက်ဇ်၊ လော်ရန်တီတို့ကို ခေါ်ယူထားတဲ့ ဂျူဗင် တပ်ဟာ မနှစ်ကထက်တောင်ပိုတောင့်တင်းနေပြီး အီတလီ စူပါဖလား မှာ လာဇီယိုကိုတောင် လေးဂိုးပြတ်နိုင်တဲ့အထိ ခြေပိုကောင်းခဲ့တယ်။ ဆမ်ဒိုးရီးယားက ခြေစွမ်းပိုင်း မဆိုးသလို အိမ်ကွင်း ခြေလည်းကောင်းမွန်တယ်။

အင်တာ - ဂျီနိုအာ ၂၅-၈-၂၀၁၃ ည ၁ဝး၃၀

အင်တာမီလန်က နည်းပြပြောင်းထားပေမယ့် အသင်းကိုထိရောက်တဲ့အားဖြည့်မှုတွေ ပြုလုပ်မထားဘူး။ ဂျီနိုအာက ဂီလာ ဒီနို၊ အန်တိုနယ်လီ၊ ဆန်တာနာတို့လို ကစားသမားကောင်းတွေရှိတယ်။ ဒါပေမယ့် ဂျီနိုအာက လည်း နည်းပြအပြောင်း အလဲဖြစ်ထားတယ်။

ကယ်ဂလီယာရီ - အတ္တလန္တာ ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

ကယ်ဂလီယာရီက မနှစ်က ခြေသာမန်သာရှိခဲ့တယ်။ ဒါပေမယ့် အတ္တလန္တာရဲ့ခြေကလည်း ပိုပျက်ခဲ့တယ်။ ဒါ့အပြင် ဒီနှစ်သင်းစလုံးဟာ ဒီနှစ်ဘောလုံးရာသီအတွက် လည်း ထိရောက်တဲ့အားဖြည့်မှုတွေလုပ်မထားလို့ ခြေစွမ်း ကအပြောင်း အလဲရှိဖို့ နည်းတယ်။ ဒါကြောင့် အိမ်ကွင်း အားသာချက်ရှိတဲ့ ကယ်ဂလီယာရီကို အားပေးသင့်တယ်။

လာဇီယို - အူဒီးနီးစ် ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

အီတလီစူပါဖလားပွဲမှာ ဂျူဗင်တပ်ကို ဂိုးပြတ်ရှုံးခဲ့ ရပေမယ့် လာဇီယိုမှာ ကလိုဆေး၊ လူလစ်၊ ဘီဂလီယာ၊ ဂွန်ဇာလက်ဇ် တို့လို ကစားသမားကောင်းတွေရှိတယ်။ အိမ်ကွင်းလည်းဖြစ်တယ်။ ဒါပေမယ့် အူဒီးနီးစ်ကလည်း မနှစ်က တည်ငြိမ်ခဲ့တဲ့ ခြေစွမ်း ကို ဆက်ထိန်းထားနိုင်တယ်။

လီဗော်နို - ရိုးမား ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

ရိုးမားကအပြောင်းအလဲများလွန်းတယ်။ မိုင်ကွန်၊ ဂျာဗင်ညိုတို့ အပါအဝင် ကစားသမား ၁၃ ဦးတိတိခေါ်ထား တယ်။ ဒါကြောင့် ရာသီအစမှာခြေတည်ငြိမ်ဖို့ခက်မယ်။ လီဗော်နိုက အိမ်ကွင်းမှာ အမှတ်ရဖို့ခံကစားလာမှာလည်း ဖြစ်တယ်။ ဒါကြောင့် ရိုးမားတို့ အခက်အခဲနဲ့ရင်ဆိုင် ရနိုင်တယ်။

နာပိုလီ - ဘလော့ညာ ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

နာပိုလီအနေနဲ့ နည်းပြအပြောင်းအလဲဖြစ်ပေါ် ထားသလို ဟီဂူအင်၊ ရေနာ၊ အယ်လ်ဘီလို၊ ကယ်လီဂျွန်၊ အာမီရို၊ ကာဘရယ် တို့ကို ခေါ်ယူပြီး အသင်းကိုလည်း အပြောင်းအလဲပြုလုပ်ထားလို့ ခြေတည်ငြိမ်ဖို့ခက်တယ်။ ဒါပေမယ့် ကစား ရမှာက အိမ်ကွင်းဖြစ်သလို ဘလော့ညာ ကလည်း ခြေသာမန်သာရှိတာကြောင့် နာပိုလီကိုပဲ အားပေးရမယ်။

ပါမား - ခီယေဗို ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

မနှစ်က ခြေပျက်ခဲ့တဲ့ပါမားဟာ ဒီရာသီမှာလည်း အသင်းကို ထိထိမိမိမပြုပြင်ထားဘူး။ ခီယေဗိုကလည်း မနှစ်က ခြေစွမ်း ပိုင်းအားပျော့မှုတွေရှိခဲ့ပြီး အသင်းကို အားဖြည့်မှုကောင်းကောင်း လုပ်မထားနိုင်ဘူး။ ဒါကြောင့် နှစ်သင်းစလုံးရဲ့ အနေ အထားဟာ မနှစ်ကအတိုင်းသာ တည်ရှိနိုင်ပြီး အိမ်ကွင်းအားသာချက်ရှိတဲ့ ပါမားကို နှစ်သက်တယ်။

တိုရီနို - ဆာစူအိုလို ၂၆-၈-၂၀၁၃ နံနက် ၁း၁၅

တန်းတက်ဆာစူအိုလိုရဲ့ စုဖွဲ့မှုနဲ့ ခြေစွမ်းကသာမန် ထက်မပိုဘူး။ အထူးသဖြင့် အဝေးကွင်းနဲ့အတွေ့အကြုံပိုင် အား နည်းတယ်။ တိုရီနိုကလည်း မနှစ်က တန်းမဆင်းရရုံ သာ စွမ်းဆောင်နိုင်ခဲ့တာမှန်ပေမယ့် အိမ်ကွင်းအားနဲ့ ဖိအားပေး လာမယ့် အသင်းဖြစ်ပါတယ်။ အိမ်ရှင်တိုရီနိုကိုပဲ နှစ်သက်တယ်။

ဖီအိုရင်တီးနား-ကာတာနီးယား ၂၇-ဂ-၂၀၁၃ နံနက် ၁း၁၅

ကာတာနီးယားရဲ့ခြေက မနှစ်ကမဆိုးဘူး။ အသင်း အထိုင်ကိုလည်း မဖျက်ထားလို့ ခြေငြိမ်လာနိုင်တယ်။ ဖီအိုရင်တီးနား က အသင်းကိုပြုပြင်မှုများပြီး ကစားသမား ကိုးဦးတိတိ ခေါ်ယူထားတယ်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment