Thursday, August 22, 2013

ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ သူ၏ အရောင်ပြောင်း

ဆယ်ကျော်သက် မိန်းကလေးများ၏ အသည်းကျော် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာသည် ၎င်းင်း၏ တန်ဖိုးကြီး ကားတစ်စီးဖြစ်သည့် အပြာရောင် ဖယ်ရာရီ ပြိုင်ကားဘေးတွင် ပြုံးရွှင်ရယ်မောစွာဖြင့် ဓာတ်ပုံအရိုက်ခံနေသော ပုံကို အမေရိကန်မီဒီယာများက သြဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသူ ကနေဒါနိုင်ငံသား ဘီဘာတွင် တန်ဖိုးကြီး ကားအကောင်းစား အမြောက်အမြားရှိပြီး ကျားသစ်ကွက်ပုံစံ Audi R8 ၊ အနက်ရောင်အပြည့် ခြယ်မှုန်းထားသည့် Cadillac CTS-V ၊ အဖြူရောင် Ferrari 458 Italia ကားများမှာ ၎င်းပုံမှန် စီးနင်းလေ့ရှိသည့် ကားများ ဖြစ်သည်။

ဘီဘာသည် ဒေါ်လာ လေးသိန်းတန် ၎င်းင်း၏ အဖြူရောင် ဖယ်ရာရီပြိုင်ကားကို အပြာရောင်မှိုင်း မှိုင်းအဖြစ် အရောင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဘီဘာသည် အမေရိကန် ရုပ်ရှင်မင်းသမီးနှင့် အဆိုတော်ဖြစ်သူ ဆယ်လီနာဂိုးမက်ဇ် နှင့် အချစ်ရေး အဆုံးသတ်ပြီးနောက် ချစ်သူသစ်ဖြစ်သည့် မော်ဒယ် အက်ရှ်လေမိုးနှင့်အတူ Beverly Hills အရပ်ရှိ Bouchon စားသောက်ဆိုင်၌ နေ့လယ်စာ လာရောက် စားသုံးရာတွင် အပြာရောင် ဖယ်ရာရီပြိုင်ကားကို အသုံးပြုစီးနင်းခဲ့သည်။ ၎င်းတို့ ချစ်သူနှစ်ဦး စားသောက်ဆိုင်သို့ လာရောက်စဉ် မီးပွိုင့်မိနေချိန်အတွင်း ပိုက်ဆံလာတောင်းသည့် အိမ်ခြေရာမဲ့တစ်ဦးကို ပိုက်ဆံ စွန့်ကြဲနေပုံကိုလည်း မီဒီယာများက ဖော်ပြခဲ့သည်။

ဘီဘာသည် ကားဝါသနာရှင် တစ်ဦးဖြစ်ပြီး တန်ဖိုးကြီးကားများ ၀ယ်ယူလေ့ရှိသူတစ်ဦး ဖြစ်သည်။ ၎င်း၏ ၁၆ နှစ်ပြည့် မွေးနေ့တွင် အမေရိကန်အဆိုတော် Usher က သူ့အား Range Rover ကား အသစ်တစ်စီးကို မွေးနေ့လက်ဆောင်ပေးခဲ့ဖူးသည်။

Credit: Automobile Journal

Photo: 
Credit: Automobile Journal

0 comments:

Post a Comment