Saturday, August 24, 2013

အလုပ်မသွားချင်လို့ ကိုယ့်ကိုယ်ကိုယ် ကြိုးဖြင့်တုပ်နှောင်

ဂျပန်နိုင်ငံ တိုကျိုမြို့မှ ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် လုပ်ငန်းခွင်သို့ သွားရောက် လိုခြင်းမရှိ သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးဖြင့်တုပ်နှောင်ထားကြောင်း ဂျပန်သတင်းမီဒီယာတို့က ရေး သားဖော်ပြချက်အရ သိရသည်။
အသက်၂ဝအရွယ် အမျိုး သမီးတစ်ဦးသည် သူ၏လက်နှင့်ခြေထောက်တို့ကို ကြိုးများ၊ ခါး ပတ်များဖြင့် ချည်နှောင်ထားသည် ကို တိုကျိုမြို့အနောက်ဘက်ရှိ သူနေထိုင်ရာတိုက်ခန်းအတွင်း၌ တွေ့ရှိရကြောင်း Sankei Shim- bun သတင်းစာကဖော်ပြခဲ့သည်။


ကြိုးဖြင့်တုပ်နှောင်ကာ သတိလစ်နေသောသူကို တိုက် ခန်းပိုင်ရှင်က တွေ့ရှိခဲ့၍ ရဲတပ် ဖွဲ့ထံ အကြောင်း ကြားခဲ့ခြင်းဖြစ် သည်။



အစပထမတွင် အမျိုးသမီး ၏အဖြစ်ကို ထိတ်လန့်ဖွယ်ရာ အိမ်ဓားပြတိုက်ခံရမှုအဖြစ် တွေး ၍ စိုးထိတ်နေခဲ့သော်လည်း တိုက် ခန်းအဆောက်အအုံတွင် စုံစမ်း စစ်ဆေးမှုပြုရာတွင် ဓားပြတိုက် သည့်အရိပ်အယောင် အစအန ကို မတွေ့ရှိခဲ့ရသည့်အတွက် စုံထောက်တို့ကို သံသယဝင်လာ စေခဲ့သည်။ နောက်ဆုံး အမျိုး သမီးကို အစ်အောက်စစ်မေးရာ မှ အလုပ်မသွားချင်၍ ကိုယ့်ကိုယ် ကိုယ် ကြိုးဖြင့်ချုပ်နှောင်ထား ခြင်းဖြစ်ကြောင်း အဖြစ်မှန်ပေါ် ပေါက်လာခဲ့ခြင်းဖြစ်သည်။



Yangon Media Group

No comments:

Post a Comment