
ရသစာပေများ ရွှေခေတ် ပြန် လည်ရောက်ရှိလာနိုင်ကြောင်း စာရေး ဆရာအချို့က
သုံးသပ်ကြသည်။ စာရေးသူများ၏ ရသဖန်တီးမှု အနုပညာမည်မျှကောင်းစေကာမူ တစ်
ချိန်က စိစစ်ရေးကို ဖြတ်သန်း ရခြင်းများ ကြောင့် အချို့ ရသစာပေများမှာ
ထုတ်ဝေခွင့် ပိတ်ပင်ခံရခြင်း၊ စာပိုဒ်အချို့၊ စာသားအချို့ ဖြတ်တောက်
ခံရခြင်း များသည် လည်း ရသစာပေရွှေ ခေတ်မှ ကျဆင်းလာရခြင်းအကြောင်း အရင်း တစ်ရပ်ဖြစ်သည်ဟု စာပေ အသိုင်း အဝိုင်းများက ဆိုသည်။
”တချို့ဆို ရသစာပေအရေး အသား အရမ်းကောင်းတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ
စာရေးသားခွင့် ပိတ်ခံခဲ့ ရတာတွေ ရှိတယ်” ဟု စာရေးဆရာတစ် ဦးက ပြောသည်။
ထို့ပြင် မိမိရေးသားခဲ့သော ရသ ဝတ္ထုတိုတစ်ပုဒ်ကိုလည်း စံပယ်ဖြူ မဂ္ဂ ဇင်းတွင်
ပုံနှိပ်ဖော်ပြရန် ရွေးချယ် ရိုက် နှိပ်ထားပြီးမှ စိစစ်ရေး၏ ဖြတ်တောက်
ဆုတ်ဖြဲခြင်းကို ခံခဲ့ရဖူးသည်ဟု အဆိုပါ စာရေးဆရာက ထပ်လောင်းပြောသည်။ အဆိုပါ
စံပယ်ဖြူမဂ္ဂဇင်း၌ အသုံး ပြုရန် ရွေးချယ်ထားသော ရသဝတ္ထု တိုမှာ ‘မုဆိုးမ’ ဟု
အမည်ပေး ထားပြီး ဘဝသရုပ်ဖော်ဇာတ်လမ်း တစ်ပုဒ်ဖြစ် ကာ ဆင်းရဲသားဘဝကို လည်း
ပုံဖော် ထားခြင်းကြောင့် ပြင် ပလောက တွင် ယင်းကဲ့သို့ ဆင်းရဲသောသူများ
မရှိဟု ဆိုသော မှတ်ချက်ဖြင့် ဝတ္ထုတစ်ပုဒ် လုံးအား
ဖော်ပြခွင့်ပိတ်ပင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယနေ့ခေတ်သည် ရုပ်သံမီဒီယာ များအများအပြား ပေါ်ထွက်လာသကဲ့ သို့ နေ့စဉ်ထုတ်
သတင်းစာများလည်း များစွာရှိနေပြီဖြစ်ကာ ရသစာပေနှင့် သု တဆိုင်ရာ
အကြောင်းအရာများကို အလွယ်တကူ ရှာဖွေ သိရှိနိုင်ပြီး တစ် နေရာမှ သိရုံနှင့်
လုံလောက်သော ကြောင့် သုတဆိုင်ရာ အကြောင်းအရာ ထက် ရသဘက်သို့ စိတ်ဝင်စားမှု
များလာ နိုင်ကြောင်း စာပေအသိုင်းအဝိုင်းအချို့ က ရသစာပေ ရွှေခေတ် ပြန်လည်
ရောက်ရှိ လာမည့် အပေါ် ယင်းကဲ့သို့ သုံးသပ်ကြသည်။ ရသစာပေများကို အဓိကထား
ထုတ်ဝေသော လင်းလွန်းခင် စာပေ တိုက်မှ ဦးသိန်းလွင်က ရသစာပေ ရွှေ
ခေတ်ပြန်လည်ရောက်ရှိရန် စာရေး ဆရာများ အပေါ်တွင် မူတည် သည်ဟု ပြောသည်။
”ရသစာပေက ဘယ်တော့မှ တိမ် ကောသွားမှာမဟုတ်ဘူး။ ရသ စာပေ ရွှေခေတ်ပြန်ရဖို့ဆို
စာရေးသူ အပေါ်မှာ လည်း မူတည်တယ်။ အခုဆို ရသစာ ပေရေးတဲ့ ကိုမင်းလူဆုံးသွားတာ
နှမြော ဖို့ကောင်းတယ်” ဟု ဦးသိန်းလွင်က ပြောသည်။ မြန်မာနိုင်ငံ
စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းကလည်း စာပေ ဖွံ့ ဖြိုးရေး
အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ သွားမည်ဖြစ်ပြီး ရသစာပေ ရွှေခေတ်
ပြန်လည်ရောက်ရှိရေးအတွက် ယင်း ဆွေးနွေးပွဲများမှတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားမည်ဟု သိရသည်။ ၎င်းတို့ ပြုလုပ်မည့် စာပေ ဖွံ့ဖြိုးရေး
အလုပ်ရုံဆွေးနွေးပွဲတွင် စာအုပ်တိုက် ပေါင်း ၆ဝ ကျော် ပါဝင်သော စာအုပ်
ဈေးရောင်း ပွဲတော် ကိုလည်း ထည့်သွင်း ကျင်းပနိုင်ရန် စီစဉ်နေကြောင်း
သိရသည်။
အိမ်စည်စိုးစံ






0 comments:
Post a Comment