Thursday, August 22, 2013

လူမှုဖွံ့ဖြိုးရေးအတွက် မြန်မာ့ရှေ့ဆောင်ဘဏ် ကျပ်သုံးဘီလီယံ မတည်



မြန်မာနိုင်ငံဒေသအနှံ့ ဘဏ်ခွဲပေါင်း ၂၈ ခု ဖွင့်ထားသည့် မြန်မာ့ရှေ့ဆောင်ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ (MAB- ECO Program) အတွက် ကျပ်သန်းသုံးထောင် (သုံးဘီလီယံ) မတည် ထူထောင်ထားကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့ရှေ့ဆောင်ဘဏ် သုံးနှစ်ပြည့် အထိမ်းအမှတ်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ရာ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိသူများ၊ ကျေးလက်ဒေသနှင့် နယ်စပ်တောင် တန်းဒေသ များမှ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ တည်ဆောက်ပြုပြင် ရေး လုပ်ငန်းများ၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံနှင့် အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော ကျောင်းဆရာများနှင့် စာရေးဆရာများကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်ကို ဧဒင်အုပ်စုကုမ္ပဏီက ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်ထူထောင်ခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံဒေသအနှံ့ ဘဏ်ခွဲ ၂၈ ခုဖွင့်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လုပ်ဆောင်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment