Saturday, August 24, 2013

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်သွားမည်

Photo: ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်သွားမည်
Sunday, 25 August 2013

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လိုအပ်မည့် လျှပ်စစ်ပိုင်း
ဆိုင်ရာ ကုန်ကျစရိတ်များကို ပြည်ပချေးငွေဖြစ်သော တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးယူငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပြည်သူ့အိမ်ရာစီမံကိန်းများနှင့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း
အတွက် တရုတ်နိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်
 ချေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့် ချေးငွေပမာဏများတွင် ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ၀ယ်ယူနိုင်စွမ်းရှိသော
 ရှေ့ပြေးစမ်းသပ်အိမ်ရာ စီမံကိန်းများဖြစ်သည့် ၁၈ ထပ်အိမ်ရာ (၂၆)လုံး အိမ်ခန်းပေါင်း ၁၀၆၀၈ ပါဝင်သည့် ဧရာဝဏ်အိမ်ရာ စီမံကိန်း၊ ၁၈ ထပ်အိမ်ရာ (၂၂)လုံး အိမ်ခန်းပေါင်း ၈၉၇၆ ခန်းပါဝင်သည့် ရတနာအိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်နေပြီး ယင်းစီမံကိန်းများတွင် လိုအပ်သည့် လျှပ်စစ်ပိုင်း ဆိုင်ရာများအတွက် တရုတ်မှ ချေးငွေရ
ယူခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းများကို မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဧရာဝဏ်အိမ်ရာ စီမံကိန်းမှာ မြေဧရိယာဧက ၁၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရတနာအိမ်ရာ စီမံကိန်းမှာ ဧက ၁၀၀ ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာ စီမံကိန်းနှစ်ခုကို ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနှင့် IGE ကုမ္ပဏီလီမိတက်တို့မှ တည်ဆောက်ခွင့် ရရှိထားကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မြို့ပြလူဦးရေ တိုးပွားလာခြင်း၊ မြို့ပြအခြေခံ အဆောက်အအုံများ ချို့ယွင်းအားနည်းခြင်း၊ မလုံလောက်ခြင်း၊ မြို့ပြမြေယာကဏ္ဍ၊ မြေတန်
ဖိုးမြင့်မားခြင်း၊ မြေအသုံးပြုမှု စနစ်နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုများ ချို့ယွင်းအားနည်းခြင်း၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုံလောက်သည့် ဥပဒေ၊ နည်းဥပဒေများ မရှိခြင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေကြေး ကန့်သတ်ချက်များ ရှိနေခြင်း စသည့်အကြောင်း အချက်များကြောင့် မြို့ပြနှင့်အိမ်ရာ ကဏ္ဍများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများ ရှိနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သုံးသပ်ထားသည်။

eleven media group

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လိုအပ်မည့် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို ပြည်ပချေးငွေဖြစ်သော တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးယူငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပြည်သူ့အိမ်ရာစီမံကိန်းများနှင့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအတွက် တရုတ်နိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ချေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့် ချေးငွေပမာဏများတွင် ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ၀ယ်ယူနိုင်စွမ်းရှိသောရှေ့ပြေးစမ်းသပ်အိမ်ရာ စီမံကိန်းများဖြစ်သည့် ၁၈ ထပ်အိမ်ရာ (၂၆)လုံး အိမ်ခန်းပေါင်း ၁၀၆၀၈ ပါဝင်သည့် ဧရာဝဏ်အိမ်ရာ စီမံကိန်း၊ ၁၈ ထပ်အိမ်ရာ (၂၂)လုံး အိမ်ခန်းပေါင်း ၈၉၇၆ ခန်းပါဝင်သည့် ရတနာအိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်နေပြီး ယင်းစီမံကိန်းများတွင် လိုအပ်သည့် လျှပ်စစ်ပိုင်း ဆိုင်ရာများအတွက် တရုတ်မှ ချေးငွေရယူခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းများကို မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဧရာဝဏ်အိမ်ရာ စီမံကိန်းမှာ မြေဧရိယာဧက ၁၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရတနာအိမ်ရာ စီမံကိန်းမှာ ဧက ၁၀၀ ကျယ်ဝန်းသည့် မြေဧရိယာပေါ် တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာ စီမံကိန်းနှစ်ခုကို ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနှင့် IGE ကုမ္ပဏီလီမိတက်တို့မှ တည်ဆောက်ခွင့် ရရှိထားကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

မြို့ပြလူဦးရေ တိုးပွားလာခြင်း၊ မြို့ပြအခြေခံ အဆောက်အအုံများ ချို့ယွင်းအားနည်းခြင်း၊ မလုံလောက်ခြင်း၊ မြို့ပြမြေယာကဏ္ဍ၊ မြေတန်ဖိုးမြင့်မားခြင်း၊ မြေအသုံးပြုမှု စနစ်နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုများ ချို့ယွင်းအားနည်းခြင်း၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုံလောက်သည့် ဥပဒေ၊ နည်းဥပဒေများ မရှိခြင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေကြေး ကန့်သတ်ချက်များ ရှိနေခြင်း စသည့်အကြောင်း အချက်များကြောင့် မြို့ပြနှင့်အိမ်ရာ ကဏ္ဍများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများ ရှိနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သုံးသပ်ထားသည်။

eleven media group

No comments:

Post a Comment