Thursday, August 22, 2013

" One Direction အဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်မှ လူမှုဘဝ မှတ်တမ်းရုပ်ရှင် ဖြန့်ချိ"



ပေါ့ပ် ဂီတလောကတွင် လွန်ခဲ့သည့် နှစ်နှစ် အတွင်း အလွန်အောင်မြင် လာခဲ့သည့် One Direction အဖွဲ့သည် ၄င်း တို့၏ ကန့်လန့်ကာ နောက်ကွယ်မှ ဖြစ် ရပ်များ အကြောင်း ကို ရိုက်ကူး တင်ဆက် ထားသော မှတ်တမ်း ရုပ်ရှင် (This Is Us) ကို သြဂုတ် ၂ဝ ရက်က လန်ဒန်မြို့ ၌ ပွဲဦးထွက် တင်ဆက်ပြသ ခဲ့ကြောင်း သိရသည်။

အဆိုပါ 3D ရုပ်ရှင်သည် သရုပ်ဆောင်ထားခြင်း မဟုတ်ကြောင်း၊ ၄င်းတို့၏ လူနေမှုဘဝ အကြောင်းကို တင်ဆက်ထားခြင်း ဖြစ်ကြောင်းနှင့် ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူး ရန် အစီအစဉ် မရှိသေးကြောင်း One Direction အဖွဲ့ က ပြောကြားသည်။

‘This Is Us’ မှတ်တမ်း ရုပ်ရှင် ကို ဆိုင်မွန်ကိုဂယ်က ထုတ်ဝေခြင်းဖြစ်ပြီး ဒါရိုက်တာ မော်ဂန်စပါလော့ခ်က ရိုက်ကူးခြင်း ဖြစ်ကာ သြဂုတ် ၁၉ ရက်က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ခဲ့သည်။

”ဒီမှတ်တမ်း ရုပ်ရှင်က သဘာဝ ကျကျ ရိုက်ထားတာ။ ကျွန်တော်တို့ရဲ့ နေ့စဉ် လှုပ်ရှားမှုကို လိုက်ရိုက် ထားတာ ပါ။ သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး” ဟု ဟယ်ရီ စတိုင်လ် ကပြောကြားသည်။

One Direction အဖွဲ့သည် ‘The X Factor’ သီချင်းဆို ပြိုင်ပွဲ ၌ ဆုရရှိခဲ့ ပြီးနောက် အောင်မြင် လာခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘမ်နှစ်ခု ထွက်ရှိထားသည်။ မေလ၌ တတိ ယမြောက် အယ်လ်ဘမ် ‘ edgy’ ထွက်ရှိထားပြီး လာမည့်နှစ် တွင် ကမ္ဘာ လှည့်ဖျော်ဖြေပွဲများ ပြုလုပ်မည် ဖြစ်သည်။

‘ This Is Us’ မှတ်တမ်းရုပ်ရှင် ကိုသြဂုတ် ၂၉ ရက်တွင် အင်္ဂလန်၌ ဖြန့်ချိမည်ဖြစ်ပြီး သြဂုတ် ၃ဝ ရက်တွင် အမေရိက ၌ ဖြန့်ချိမည်ဖြစ်သည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

0 comments:

Post a Comment