Tuesday, September 3, 2013

သမထကျင့်စဉ်နှင့် နေ့စဉ် အကျွမ်းတဝင်ရှိကြောင်း ကေတီပယ်ရီ ပြောကြား


သမထ ကျင့်စဉ်ဖြင့် တရားထိုင်မှုမျိုးကို မနက်တိုင်း ပုံမှန် ပြုလုပ်လေ့ ရှိကြောင်း ကေတီပယ်ရီက ထုတ်ဖော် ပြောကြားလိုက်သည်။ 

အသက်(၂၈)နှစ်ရှိ Popဂီတစတား အဆိုတော်က သူမသည် အိန္ဒိယရိုးရာ ရှေးဟောင်းကျင့်စဉ်ကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ကြောင်း ဆိုသည်။ မိနစ်(၂၀)မျှ တရားမှတ် သမထထိုင်ခြင်းဖြင့် စိတ်ကိုကြည်လင်စေပြီး နံနက်တိုင်း ယင်းကဲ့သို့ လုပ်ဆောင်မှုဖြင့် အစပြုပြီးမှ လုပ်ငန်းခွင် ဝင်ကြောင်း ကေတီက ရှင်းပြခဲ့သည်။ "ကျွန်မရဲ့ စိတ်အတွက် တကယ်တမ်း အနားရနိုင်တာ အဲဒီအချိန်ပဲ ရှိတယ်လေ။ ကျွန်မ အိပ်ပျော်နေရင် မသိစိတ်က လှုပ်ရှားနေ တာပဲ။ ကျွန်မ နိုးထနေချိန်မှာ အာရုံများနေတာပဲ မဟုတ်လား"ဟု ကေတီက ဆိုသည်။

Roarစတား အဆိုတော်က သူမသည် လန်းဆန်းနိုးကြားစေရန်မတွက် မွန်းလွဲပိုင်း အချိန်များတွင် ဗီတာမင် အားဖြည့်ဆေးများ မှီဝဲလေ့ ရှိကြောင်းလည်း ဝန်ခံခဲ့သည်။ ဗြိတိန်ထုတ် Marie Claire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကေတီက "တခြားလူတွေလိုပဲ ကျွန်မလည်း (၄)နာရီလောက် ခြေပစ်လက်ပစ် အနားယူချိန် ပေးရပါတယ်။ နေ့လယ်စာ စားပြီးရင် ကျွန်မ ဗီတာမင်ဆေးတွေ သောက်ပါတယ်။ ဒါက ကျွန်မရဲ့ စွမ်းအင်ကို မြှင့်တင်ပေးတယ်လေ။ သံဓာတ်၊ ဗီတာမင် B၊ Cနဲ့ Dအတွက် ဆေးဝါးတွေကို ကျွန်မသောက်တယ်။ ပြီးတော့ အစာကျေဆေးလည်း ပုံမှန်သောက်ဖြစ်ပါတယ်"ဟု ပြောဆိုသွားသည်။

Planet Myanmar

No comments:

Post a Comment