
နှစ်ရောင်စပ် ရှားပါး ကျောက်ပုစွန်ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသတွေမှာ ပုစွန်တွေတွေ့ရတာ တကယ် တော့ မဆန်းပါဘူး။ အထူးသဖြင့် လော့ဘစတာလို့ ခေါ်တဲ့ ကျောက်ပုစွန် တွေပေါ့။ ကျောက်ပုစွန်နဲ့ ပတ် သက်ရင်
ပုစွန်ကျွမ်းကျင်သူပညာရှင် တွေက ကျောက်ပုစွန်ပြာ၊ လိမ္မော် ကျောက်ပုစွန်၊ အမွေးပါပန်းရောင် ကျောက်ပုစွန်နဲ့ ကျောက်ပုစွန်ဖြူ ဆိုပြီး ခွဲခြားတတ်ကြပါတယ်။
ဆိပ်ကမ်း သုတေသနဌာန တစ်ခုမှာ ခင်းကျင်းပြသထားတဲ့ ကျောက်ပုစွန်တွေကတော့ စိတ်ဝင် စားစရာ ကောင်းလောက်အောင် အားလုံးဟာ အစိမ်းရောင် ပြောင်း သွားတတ်ကြပါသတဲ့ဗျာ။
ဒါပေမယ့် ဒီ့ထက်ထူးခြားတာ တစ်ခုရှိပါသေးတယ်၊ မိန်းပြည်နယ် ပင်လယ်ကွေ့ဒေသ သုတေသန ဌာနမှာရှိတဲ့ ကျောက်ပုစွန်ကြီးက တော့ လိမ္မော်ရောင်တစ်ဝက်၊ အညို ရောင်တစ်ဝက်နဲ့ နှစ်ရောင်စပ်ဖြစ် နေတာပါ။
အဲ့ဒီနှစ်ရောင်စပ် ကျောက်ပုစွန် ကြီးကို ကျောက်ပုစွန်ဖမ်းသမား ဂျက်ဖ်အက်ဒဝါ့စ်က ဖမ်းမိခဲ့တာပါ၊ ပြီးတော့ အောင်းစ်ဟက်ဒ်မှာရှိတဲ့ ကမ်းခြေကျောက်ပုစွန်ကုမ္ပဏီကို သင်္ဘောနဲ့တင်ပို့ပြီး လှူဒါန်းလိုက် ပါသတဲ့။
သုတေသနဌာနက ပြောရေး ဆိုခွင့်ရှိသူ စတီဗင်ပရိုဖေဇာက ပြောပြတာကတော့ အဲ့ဒီ နှစ်ရောင် စပ် ကျောက်ပုစွန်ကို Lab Venture ပညာရေးလုပ်ငန်းဌာနက အသုံးပြု တဲ့ ကန်ထဲမှာ ထည့်ထားတယ်လို့ ဆိုတယ်။
အဲ့ဒီနှစ်ရောင်စပ် ကျောက်ပုစွန် ဆိုတာ အတော်ရှားပါးတဲ့ အမျိုး အစားတစ်ခုပါ။ မိန်းပြည်နယ်တက္က သိုလ်ကျောက်ပုစွန် သိပ္ပံကျောင်း က WMTW - ရုပ်သံကို ရှင်းပြရာ မှာတော့ နှစ်ရောင်စပ်ကျောက်ပုစွန် မျိုးဟာ သန်း ၅၀ မှာ တစ်ကောင် သာဖြစ်ကြောင်း၊ အမွေးပါပန်းရောင်
ကျောက်ပုစွန်လိုပင် ပိုမိုရှားပါးလှ ကြောင်း ဆိုပါတယ်။
Venus News Journal
No comments:
Post a Comment