
အဆိုးမြင်အတွေးတွေနဲ့ ခံစားမှုတွေဟာ သွေးဆုံးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အလွန်အမင်း ဒေါသထွက်ခြင်းနဲ့ မကောင်းတဲ့အတွေးတွေ၊ ခံစားနေရရင် ဆရာဝန်နဲ့ ချက်ချင်း တွေ့ဆုံဆွေးနွေး သင့်ပါတယ်။
အမျိုးသမီးအများစုဟာ သွေးဆုံးချိန် အကူးအပြောင်းကာလမှာ မသက်မသာ ခံစားရတတ်ပြီး အရာရာကို စိတ်တိုင်းမကျဘဲ ဒေါသထွက်နေနိုင်ပါတယ်။
ဒါဟာ သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာနဲ့ ဆက်စပ်နေပါတယ်။ ဒီအချိန်မှာ အိပ်မပျော်တာလည်း အလွန်ဖြစ်လွယ်တဲ့အတွက် အိပ်မပျော်တာကြောင့်လည်း စိတ်မသက်မသာခံစားရမှု ပိုဆိုးစေနိုင်ပါတယ်။
သားဖွားမီးယပ်ဆိုင်ရာ အကြံပေးဆရာဝန် ဂျွန်အီးမန်ဆန်က “သွေးဆုံးချိန်အကူးအပြောင်း ကာလမှာ စိတ်မတည်မငြိမ် ဖြစ်ရတာဟာ ဟော်မုန်းအပြောင်းအလဲထက် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဘဝအခြေအနေနဲ့ ပိုမိုဆက်စပ်မှု ရှိတယ်” လို့ဆိုပါတယ်။
စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဘဝအခြေအနေထဲမှာ ကျန်းမာရေးမကောင်းခြင်း၊ စီးပွားရေးအဆင်မပြေခြင်း၊ သေခြင်းတရားအကြောင်း တွေးတောမိခြင်းနဲ့ ခင်ပွန်းသည် ဒါမှမဟုတ် သားသမီးတွေနဲ့ အဆင်မပြေခြင်း စတာတွေပါဝင်နေပါတယ်။
ဒါကြောင့် အမျိုးသမီးတစ်ဦး သွေးဆုံးချိန်မှာ ဘေးပတ်ဝန်းကျင်က မိသားစုဝင်အားလုံး နားလည်ဖေးမပေးဖို့ အရေးကြီးပါတယ်။
post by နှင်းဆီဖူးလေးများ-Love BUDS
No comments:
Post a Comment