ဂရိနိုင်ငံတွင် ခေတ်သစ်နာဇီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးအား စနေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
ဂရိနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် နှစ်ရှည်လများ ဖြစ်ပွားနေသည့် ဘဏ္ဍာရေးအကျပ်အတည်းများအား ရင်ဆိုင်နေရသော်လည်း ခေတ်သစ် နာဇီခေါင်းဆောင်တစ်ဦးအား စနေနေ့တွင်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ဂရိအစိုးရအနေဖြင့် ပြန်လည်အားကောင်းလာပြီဟူသော အနေအထားအားပြသနိုင်ခဲ့သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားလိုက်သည်။
နာဇီဝါဒအားဆန့်ကျင်သည့် ဂီတပညာရှင်တစ်ဦး သတ်ဖြတ်ခံ့ခဲ့ရအပြီး ဆယ်ရက်အကြာတွင် ရဲတပ်ဖွဲ့ဝင်များမှ ခေတ်သစ်နာဇီပါတီ ခေါင်းဆောင် NikosMichaloliakos နှင့် ၎င်း၏အလုပ်အမှုဆောင် ၁၀ ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဂီတပညာရှင်မှာ Golden Dawn ပါတီ၏ အဖွဲ့ဝင်တစ်ဦးဟု ထင်မြင်ယူဆခြင်းခံထားရသည်။ ၎င်း အားသတ်ဖြတ်ခဲ့ခြင်းကြောင့် ဂရိနိုင်ငံတစ်ဝန်းလုံးမှ တုန်လှုပ်ခဲ့ရပြီး ကမ္ဘာတစ်လွှားရှိ သတင်းမီဒီယာများ တွင်လည်း ဖော်ပြခဲ့သည်။ ဂရိအစိုးရအနေဖြင့် ခေတ်သစ်နာဇီများအပေါ် လိုက်လျောလွန်းသည်ဟူသော စွပ်စွဲမှုများနှင့်လည်း ရင်ဆိုင်နေရသည်။
သို့သော် ခေတ်သစ် နာဇီခေါင်းဆောင်များအား ဖမ်းဆီးလိုက်ခြင်းမှာ စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ပင် လူမှုရေးပြဿနာများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment