၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ အတွက် ကိုယ်အင်္ဂါထိခိုက်မှုကို အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီတို့က ကျပ် သိန်းပေါင်း ၅၀,၀၀၀ ကျော်ကို စပွန်ဆာပေးမည်ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းကပြောသည်။
အောက်တိုဘာလ ၈ ရက်က မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်တွင် ကျင်းပသည့် မြန်မာ့အာမခံလုပ်ငန်း သင်္ဘော သား အသက်အာမခံ လျော်ကြေးပေးအပ်ပွဲတွင် ဦးအေးမင်းသိန်းက ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ် သည်။
“ဆီးဂိမ်းပြိုင်ပွဲဝင်မည့် အားကစားသမား ၁၀၀၀ ကျော်ရှိတယ်လို့ ပြောတယ်။ တစ်စုံတစ်ခုဖြစ်ပေါ်လာရင် မြန်မာ့ အာမခံလုပ်ငန်းနဲ့ ပုဂ္ဂလိကအာမခံ ၁၁ ခုက ပေးဆောင်မယ်။ တစ်ဦးကိုကျပ်သိန်း ၅၀ ဆိုရင် အားကစားသမား ၁၀၀၀ ဆိုရင် ကျပ်သိန်း ၅၀,၀၀၀ ကို စပွန်ဆာပေးတဲ့ သဘောမျိုးဖြစ်တယ်”ဟု ဦးအေး မင်းသိန်းက ပြောသည်။
ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမှအားကစားသမားများအတွက် ကိုယ်အင်္ဂါထိခိုက်မှု အာမခံကို အခမဲ့ထားရှိပေးမည်ဖြစ်သည်။ ထိုသို့ အာမခံထားရှိပေးခြင်းသည် အောက်တိုဘာလ ၁ ရက်မှ ဒီ ဇင်ဘာလ၂၃ ရက်အထိသာဖြစ်ပြီး တစ်ဦးလျှင် ပရီမီယံကြေး ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ပြိုင်ပွဲဝင်မည့် အားကစားသမား ၁,၀၀၀ကျော်အတွက် ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော်ကို ကျခံပေးခြင်းဖြစ်သည်။
အာမခံ ထားရှိထားသော အားကစားသမားများ၏ အာမခံ စပွန်ဆာပေးထားသော သတ်မှတ်ကာလအတွင်း
သေဆုံးမှုဖြစ်ပါက ကျပ်သိန်း ၅၀ နှင့် ထိခိုက်ဒဏ်ရာများအတွက် ဒဏ်ရာပေါ်မူတည်ပြီး သတ်မှတ်နှုန်း အတိုင်းပေးလျော်သွားမည်ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ပြည်ပမှလာရောက်ကစားမည့် အားကစားသမားများအတွက် အာမခံထားရှိမည်ဆိုပါက တစ်ဦးလျှင် ပရီမီယံကြေး ဒေါ်လာ ၁၀၀နှုန်းဖြင့် လက်ခံသွားမည်ဖြစ်ကာ ကိုယ်အင်္ဂါထိခိုက်မှုအတွက် အများဆုံး ဒေါ်လာ ၅၀,၀၀၀ အထိ ပေးလျော်မည်ဖြစ်သည်။
အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီ များဖြစ်သော I.K.B.Z အာမခံကုမ္ပဏီ၊ Grand Guardian၊ အောင်သစ္စာဦး၊ Citizen Business၊ အောင်မြင့်မိုရ်မင်း၊ Caplital Life ၊ First National Insurance Public ၊ အေးမြန်မာ၊ Global World Insurance ၊ Young Insurance Global နှင့် Excellent Fortune Insurance တို့က မြန်မာနိုင်ငံမှ ဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အားကစားသမားများအား ပရီမီယံကြေးများကို စုပေါင် ထည့်ဝင်ကြမည် ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment