ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊
တာချီလိတ်မြို့၊ ဒေသဂုံရှမ်း ဘာသာ ပိဋကတ် (၃)ပုံ ကျောက်စာတိုင် စိုက်ထူ
လှူဒါန်းပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်
တာချီလိတ်မြို့ရှိ ရွှေတိဂုံ စေတီ ရင်ပြင်တော် ဓမ္မာရုံ၌ ကျင်းပ
ပြုလုပ်သည်။
အဆိုပါ မင်္ဂလာ အခမ်း အနားသို့
နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇ အဂ္ဂ မဟာ
သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဓမ္မ သီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်
အရှင် သူမြတ်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့်ဇနီး၊ စစ်ရေးချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ တာချီလိတ် တပ်နယ်မှ တပ်နယ်၊ တပ်ရင်း/
တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖိတ်ကြားထား သူများနှင့်
ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ''နမော
တဿ''သုံးကြိမ် ရွတ်ဆို ဆုတောင်း ကန်တော့၍ ဖွင့်လှစ်ပြီး မဟာမြတ်
မုနိကျောင်း တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ အာဒိစ္စ ဝံသာ လင်္ကာရထံမှ
အခမ်းအနားသို့ တက်ရောက် လာကြ သူများက ငါးပါး သီလ ခံယူ ဆောက်တည် ကြသည်။


ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက
ဆရာတော်၊ သံဃာတော် များထံမှ ပရိတ် တရားတော်များ နာယူကြည်ညို ကြပြီး
ဆရာတော်များ ထံသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ အမှူးပြုသော ဧည့်ပရိသတ် အပေါင်း
တို့က သင်္ကန်းနှင့် လှူ ဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
၎င်းနောက် မဟာမြတ်မုနိ ကျောင်းတိုက်၊
တိုက်အုပ် ဆရာတော် ဘဒ္ဒန္ဒ အာဒိစ္စ ဝံသာ လင်္ကာရ ထံမှ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက အနုမောဒနာ တရားနာယူကာ
လှူဒါန်းမှု အစုစုတို့ အတွက် ရေစက် သွန်းချ အမျှ ပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက် ကျင်းပရာ
နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇ အဂ္ဂမဟာ
သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဓမ္မ သီရိ၊ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး
ဒေါ်ကြူကြူလှနှင့် တပ်မတော် အရာရှိ ကြီးများက ဒေသဂုံရှမ်း ဘာသာ ပိဋကတ်
(၃)ပုံ ကျောက်စာတိုင် များကို ရွှေသင်္ကန်း ကပ်လှူ၍ အမွှေးနံ့သာရည်များ
ပက်ဖျန်းပြီး စိုက်ထူကြသည်။

အဆိုပါ ရွှေတိဂုံ စေတီ ရင်ပြင်တော်နှင့်
ဓမ္မာရုံတော် အသစ်တွင် ဒေသဂုံ ရှမ်းဘာသာ ပိဋကတ် (၃)ပုံ ကျောက်စာတိုင် ၂ဝဝဝ
စိုက်ထူ သွားမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်၊ မေလမှ စတင်စိုက်ထူ ခဲ့ရာ
ရင်ပြင်တော်ပေါ်၌ ကျောက်စာတိုင် ၃၂ဝ စိုက် ထူပြီး စီးခဲ့ပါသည်။ ယနေ့တွင်
ဓမ္မာရုံအတွင်း ကျောက်စာတိုင် ၃ဝတိုင်အား စိုက်ထူ နိုင်ခဲ့ကာ ကျန်ရှိသည့်
ကျောက် စာတိုင် များအား ဆက်လက် စိုက်ထူ သွားမည် ဖြစ်ပါသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များအား
နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့်
အဖွဲ့ဝင် များသည် ရွှေတိဂုံ စေတီတော် မြတ်အား လက်ယာရစ် လှည့်လည် ပူဇော်၍
ပန်း၊ ရေချမ်းဆက် ကပ်လှူ ဒါန်းကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိ ကျောင်းတိုက်သို့ သွားရောက်၍
မဟာမြတ်မုနိ ဘုရားအား ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ပြီး မဟာမြတ်မုနိ
ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇော တိကဓဇ ဘဒ္ဒန္တ ပညာသာမိထံ သင်္ကန်းနှင့်
လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင် ကျောင်းတိုက်သို့ ရောက်ရှိ
ကြပြီး နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇ
အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဓမ္မ သီရိအား ဖူးမြော် ကြည်ညိုကာ
သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်း
ရရှိသည်။
မြ၀တီ






0 comments:
Post a Comment