Saturday, May 31, 2014
မေမြတ်နိုး Miss Asia Pacific World 2014 မယ်သရဖူ ဆွတ်ခူး
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ Miss Asia Pacific World 2014 ရဲ့ နောက်ဆုံး အဆင့် မယ်သရဖူ ကို မြန်မာ အလှမယ် မေမြတ်နိုးက ဆွတ်ခူး ရရှိသွားပါတယ်။
အိမ်ရှင်တောင်ကိုရီးယားနဲ့ နောက်ဆုံး အဆင့် ၂ ဦးတည်း ကျန်တဲ့ အချိန်မှာ မြန်မာအလှမယ် မေမြတ်နိုး က Miss Asia Pacific Wolrd 2014 ရဲ့ သရဖူကို အောင်နိုင်သူအဖြစ်ကြေညာလိုက်ချိန်မှာ အွန်လိုင်း ကနေ တိုက်ရိုက်ကြည့်ရှုနေသူတွေပါ အလွန်ဝမ်းမြောက်သွားကြတာပါ။
Thursday, May 29, 2014
ဦးပိုင် အတွက် လစာဖြတ်တောက်မှု အောက်ခြေ စစ်သည်များ အခက်အခဲကြုံနေ
၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော စစ်သည် ရဲဘော်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ခြေလျင်တပ်ရင်း တချို့တွင် အစိုးရ ဝန်ထမ်းများ လစာတိုးပေးသည့် ဧပြီလမှ စတင်၍ ဦးပိုင် စုကြေးငွေအဖြစ် လစာငွေများ လစဉ်ပြန်လည် ဖြတ်တောက်နေသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်သည် မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။
ထိုင်းစစ်ဗိုလ် နဲ့ ဗမာစစ်ဗိုလ် နှိုင်းယှဉ်ချက်
ထိုင်းစစ်ဗိုလ်တွေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာတာ အနှစ် (၈၀) ကျော် ရှိပြီဖြစ်ပေမယ့် ထိုင်းစီးပွားရေးဟာ ရှင်သန်ကြီးထွားနေပါတယ်။ ဗမာစစ်ဗိုလ်တွေ အနှစ် (၅၀) ကျော် ကြီးစိုးတဲ့အခါမှာ မြန်မာပြည်ဟာ အာရှဒေသမှာ အောက်ဆုံးအဆင့်ရောက်သွားပါတယ်။ လူဦးရေနဲ့ တိုင်းပြည်အရွယ်အစား မတိမ်းမယိမ်းဖြစ်ပေမယ့် ၂၀၁၂ စာရင်းအရ ထိုင်းရဲ့  နိုင်ငံလုံးဆိုင်ရာ အသားတင်ထုတ်လုပ်မှု တန်းဖိုးဟာ မြန်မာထက် (၇) ဆ ပိုများပါတယ်။ လူတဦးချင်းရဲ့  ထုတ်လုပ်မှုနှုန်းမှာလည်း ထိုင်းကမြန်မာထက် (၇) ဆ ပိုများပါတယ်။ နိုင်ငံခြားငွေ လက်ကျန်မှာတော့ ထိုင်းအစိုးရက အဆပေါင်း (၂၀) ကျော် မြန်မာထက်ပိုများပါတယ်။
ရည်းစားဟောင်းကို အိပ်မက်မက်တဲ့အခါ
လက်ရှိရည်းစားရှိနေရက်နဲ့ အရင်ရည်းစားဟောင်းကို အိပ်မက်တွေ မက်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အွန်လိုင်းက DreamsCloud ရဲ့ စစ်တမ်းကောက်ချက်အရဆို လက်ရှိရည်းစားရှိနေရက်နဲ့ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့သူ အများအပြားရှိနေတဲ့အပြင် ယောင်္ကျား၊မိန်းမ ၁၁၇၄ယောက်ကို စစ်တမ်းကောက်ကြည့်လိုက်တော့ အဲ့ဒီလူတွေထဲက ၂၉ရာခိုင်နှုန်းဟာ ရည်းစားဟောင်းကို အိပ်မက်အမြဲမက်နေကြပြီး ၂၅ရာခိုင်နှုန်းကတော့ လက်ရှိတွဲနေတဲ့ ရည်းစားကိုသာ အိပ်မက်မက်ကြပါတယ်တဲ့။ ဒါပေမယ့် ငါးယောက်မှာ တစ်ယောက်ကသာ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့ အကြောင်း လက်ရှိရည်းစားကို ပြောလေ့ရှိပြီး အများစုကတော့ လက်ရှိရည်းစားနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးတဲ့အတွက် သူတို့အိပ်မက်တွေအကြောင်း ဖွင့်ဟလေ့မရှိဘူးလို့လည်း သိရပါတယ်။
ဆွဲဆောင်မှု ပြင်းပြကြောင်း လှစ်ဟပြလိုက်သည့် ကင်မ်ဘာလေဂါနာ
ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့
TVအစီအစဉ်မှူး တစ်ဦးသာ ဖြစ်သော်လည်း သူမအနေဖြင့် မော်ဒယ်လ်တစ်ဦးကဲ့သို့ ဆွဲဆောင်မှု ပြင်းပြကြောင်း ကင်မ်ဘာလေ ဂါနာက လက်တွေ့ ပြသခဲ့သည်။ ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံနေသည်ကို တွေ့ရသည်။
Maleficent ဇာတ်ကားပွဲဦးထွက်ပြသပွဲမှာ တိုက်ခိုက်ခံရတဲ့ ဘရက်ပစ်
တိုက်ခိုက်ခံရသဖြင့် အံ့အားသင့်နေသော ဘရက်ပစ်နှင့် တိုက်ခိုက်သူကို ဖမ်းဆီးနေသော လုံခြုံရေးများ
လော့စ်အန်ဂျလိစ်- ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဘရက်ပစ်သည် မေလ ၂၈ ရက်တွင် ''Maleficent'' ဇာတ်ကားပွဲဦးထွက်ပြသပွဲ၌ အမှတ်တရလက်မှတ်ရေးထိုးပေးနေစဉ် အမျိုးသားတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု လော့စ်အန်ဂျလိစ်ရဲတပ်ဖွဲ့က ပြောသည်။
●မြန်မာ့နွေဦး ဖြစ်နိုင်ချေ(၄)ခုနှင့် ၂၀၁၅ မျက်မှောက်ပြု● (မှူးဇော်)
● မြန်မာ့နွေဦးနှင့် ဧကန်မဲ့မှုများ ●
တပ်မတော်အစိုးရက လမ်းပြမြေပုံ(၇)ရပ်ဖြင့် အာဏာလွှဲပြောင်းရေးကို ဆောင်ရွက်သွားရန် ကမ္ဘာသိထုတ်ပြန်ကြေညာခဲ့စဉ်က နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မြင့်မြင့်မားမား မျှော်လင့်ထားခဲ့ ခြင်း မရှိခဲ့သည်မှာ အမှန်ပင်။ ကမ္ဘာကြီးတစ်ခုလုံးကို အငိုက်မိသွားစေသည့် မည်သူကမှ မျှော်လင့်မထား ခဲ့သော နိုင်ငံရေးအသွင်ကူးပြောင်းမှုကို မြန်မာနိုင်ငံက ရဲရဲရင့်ရင့် လျှောက်လှမ်းခဲ့သည် ဟု National Endowment for Democracy မှ ဝါရင့် ဒါရိုက်တာတဦး ဖြစ်သူ ဘရိုင်ယန်ဂျိုးဆက်က ဆိုသည်။ မြန်မာ နိုင်ငံတွင် လူထုအုံကြွမှုတစ်ရပ် ဖြစ်ပေါ်ခြင်း သို့မဟုတ် စစ်တပ်ကပင်ဆက်လက်အုပ်စိုးခြင်း စသည်တို့ ဖြစ်လာနိုင်သည် ဟု အမျိုးမျိုး တင်ကြိုခန့်မှန်းခဲ့ကြသော်လည်း အဆိုပါ နိုင်ငံရေးဖြစ်စဉ်များ ပေါ်ပေါက် လာခဲ့ခြင်း မရှိခဲ့ပေ။
Wednesday, May 28, 2014
ဘဝမှာ ဘာအရေးအကြီးဆုံးလဲ ????
(အိုင်ဒီယာလေးကို သဘောကျလို့ပြန်မျှဝေလိုက်ပါတယ်)
အင်္ဂလိပ်အက္ခရာ ABCD...Zထိဆိုရင် အားလုံး၂၆လုံးရှိပါတယ်..
အဲဒီအက္ခရာတွေကို ဒီလိုနံပါတ်တွေထိုးပြီး စီကြည့်ရအောင်..
X-Men: Days of Future Past ကြည့်တဲ့အခါ လွတ်သွားနိုင်တဲ့ အချက်များ (အပိုင်း ၁)
နောက်ဆုံးထွက် X-Men: Days of Future Past ဟာ ရုံတင်တင်ချင်းအပတ်မှာတင် စံချိန်တင်ဝင်ငွေရရှိပြီး box office မှာ နံပါတ်တစ်နေရာချိတ်ခဲ့ပါတယ်။ Marvel ရုပ်ပြစာအုပ်တွေမှာသာ ပါဝင်တဲ့ တစ်ချို့  ဇာတ်ကြောင်းလေးတွေကြောင့် အဆက်အစပ်မရှိတဲ့ ပရိတ်သတ်တွေ အခက်အခဲမတွေ့ ရအောင် ဒီ အချက် ၁၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့အသန်ဆုံး လူငယ်လေးများ
ရိုမေးနီးယားလူငယ်လေးတွေဖြစ်တဲ့ အသက် ၉ နှစ်အရွယ် Giuliano Stroe နဲ့ အသက် ၇ နှစ်အရွယ် သူ့ညီ Claudiu တို့ဟာ နေ့စဉ် အလေးမ လေ့ကျင့်ခန်းနဲ့ အပြေးအပါအဝင် ကြွက်သား မာကြောစေတဲ့
လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။
ဓာတ်ပုံ- The Mirror
ဒါကြောင့် အရွယ်နဲ့ မလိုက်အောင် ကြွက်သားတွေက ဖုထစ်သန်မာလွန်းလို့ သူတို့ဟာ အခုဆို ကမ္ဘာ့ အသန်ဆုံး လူငယ်လေးများ အဖြစ် ကင်ပွန်းတပ်ခံရပါတယ်။
Khin Lay Nwe
,
Photo-venuscurves
Maxim ၏ ကမ္ဘာ့ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီး ကန်ဒိုက်စ်
Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော်များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြ
Maxim မဂ္ဂဇင်းက ယခုနှစ်အတွက် ကမ္ဘာပေါ်တွင် ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးအဖြစ် တောင်အာဖရိက စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော်များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြသည်။
ဗန်းမောက်မြို့နယ် နောင်ကွတ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၅၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင်အဘွားအိုနှင့် ကလေးငယ်တစ်ဦးနေထိုင်နေ
သည့်အိမ်မှ မီးစတင် လောင်ကျွမ်းရာ လူနေအိမ်၂၂ လုံး မီးထဲပါသွားပြီး ဒေသခံ ၁၅၈ဦး
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို
တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ
ဖမ်းဆီး လူဝတ်လဲခံထားရတဲ့ ချင်းမိုင်နဲ့ လန်းပန်းနယ်က ကလေး လိင်ကုန်ကူး ဂိုဏ်း၊
ဓာတ်ပုံ- ချင်းမိုင် စီးတီးနယူးစ်
ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရှာပြီး လူမှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေလုပ်နေတဲ့ ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ လန်းပန်းနယ်က ရဟန်းဝတ် ဂိုဏ်းတခုကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝတ်လဲစေကာ တရားစွဲဆိုသွားမယ်လို့ ချင်းမိုင်စီးတီးနယူးစ် အွန်လိုင်း သတင်းတပုဒ် မှာဖော်ပြထားပါတယ်။
မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။
Tuesday, May 27, 2014
သင့်မှာ ဘယ်လိုအကျင့်စရိုက်ရှိလဲ ?
မွေးနေ့အလိုက်တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့်
ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။
ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့
“ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး ” ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။
ကိုရီးယားရောက်မေမြတ်နိုး အင်တာနက်ဆုရဖွယ်ရှိ
တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ဒီနှစ်အတွက် Miss Asia Pacific World ပြိုင်ပွဲကြီးမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မေမြတ်နိုးက
အနည်းဆုံး ဆုတခု ဆွတ်ခူးဖွယ် ရှိနေပါပြီ။
အဲဒီဆုကတော့ အင်တာနက်ပရိသတ်တို့ရွေးချယ်တဲ့ဆုပါပဲ။
မဲ တသိန်းကျော် ကိုယ်စီ ရနေတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်က ထိပ်ဆုံးမှာ ရောက်နေပါတယ်။
ဖိလစ်ပိုင်အင်တာနက်သမားတွေ အခုထက် ပိုပြီး တက်ကြွကြမယ် ဆိုရင်တော့ ဖိလစ်ပိုင်အလှမယ်က မေမြတ်နိုးကို အနိုင်ရသွားနိုင်ချေ ရှိနေပါပြီ။
နဂါးကြီးကြိုက်တဲ့ ယွမ်တစ်သိန်းတန် မြန်မာသတို့သမီး
မောင်တာ၊ အေးမွန်ရာပြည့်
‘‘တရုတ်ပြည်ဘက်မှာ အနှိပ်ခန်းဖွင့်မယ်။ သမီးကို အဲဒီမှာ အလုပ်ပေးမှာ။ အပြင်ထွက်စရာလည်းမလိုဘူး။ အေးအေးဆေးဆေး သက်သက်သာသာပဲ။ လစာလည်းကောင်းတယ်။ စပွန်ဆာလည်းရှိတယ်။ သမီးတော့ သေချာပေါက် ချမ်းသာတော့မှာ’’
အလွန်အောင်မြင်သူအဖြစ် ခံယူမထားသည့် ဂမ်မာအာတာတန်
နာမည်ကြီး ရုပ်ရှင်ဇာတ်ကား Made In Dagnehamကို ပြဇာတ်အဖြစ် အသက်သွင်းရာတွင် ပါဝင်ရန် ကြိုတင်ပြင်ဆင်နေသော ဗြိတိသျှ မင်းသမီးက အဆိုပါ ပြဇာတ်တွင် မိမိ၏အမည်ကို မည်သူမျှ မသိသဖြင့် လက်မှတ်ရောင်းမထွက်မည်ကိုပင် စိုးရိမ်မိကြောင်း ဝန်ခံခဲ့
ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတာတွေလွဲနေတယ်
ဦးဆန်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံမှတ်တမ်းတွေရိုက်ကူးခြင်းကို ဘယ်အချိန်ကစပြီး တာဝန်ယူခဲ့တယ်ဆိုတာ ပြောပေးပါ။
ကျွန်တော် စတင်ရိုက်ကူးခဲ့တာက ဘွားဒေါ်ခင်ကြည်ဈာပနမှာ စတင်ပြီး မှတ်တမ်းရိုက်ကူးခဲ့ပါတယ်။ကိုစိန်အုန်းနဲ့ တွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ရောက်ခဲ့တယ်။ (၉၀)ရွေးကောက်ပွဲကာလစည်းရုံးရေးခရီးစဉ်တွေတော်တော် များများမှတ်တမ်းယူခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ပထမတစ်ခေါက် အကျယ်ချုပ်ကနေပြန်လွတ်လာတဲ့၉၅/ ၉၆ မှာ ရိုက်နှက်ဖမ်းဆီးနေတဲ့အချိန်မှာကျွန်တော်မှတ်တမ်းတွေရိုက်ကူးခဲ့ပါတယ်။အခုနောက်ဆုံးလွတ်လာတဲ့နောက်တစ်နေ့ မှာပြန်ပြီးတော့မှတ်တမ်းယူခဲ့ရတယ်။မှတ်တမ်းဓာတ်ပုံရိုက်ဖို့လိုရင် မှတ်တမ်း ရိုက်ခဲ့ပြီးတော့လုံခြုံရေး လိုချင်လည်း လုံခြုံရေးယူပေးခဲ့ရတယ်။
ရေချိုတွင်ပျော်သော သြစတေးလျမှ ဧရာမ ရေငံမိကျောင်း
၅.၅ မီတာ အရှည်ရှိတဲ့ သြစတေးလျနိုင်ငံမှ ရေငံမိကျောင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ရှိတဲ့ မိကျောင်းကတော့ ၆ မီတာ ကျော်တဲ့အတွက် သြစတေးလျက ယင်းမိကျောင်းက ကမ္ဘာ့အကြီးဆုံး မိကျောင်းစာရင်းမှာ နံပါတ် ၁ တော့မဟုတ်ပါဘူး။
အခုတော့ ရေချို (Adelaide မြစ်) မှာ နေထိုင်ကျက်စားလျက်ရှိပါတယ်။ ငါးမန်းကြီး တစ်ကောင်နဲ့ တိုက်ခိုက်ထားရ မှုကြောင့် ခြေတစ်ချောင်း မရှိတော့ပဲ ခြေသုံးချောင်းသာ ကျန်ရှိတော့တဲ့ မိကျောင်း ဖြစ်ပါတယ်။ သူ့ကို Brutus လို့အမည်ပေးထားကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ သမ္မတနှင့် ကြံ့ခိုင်ရေးပါတီ ရပ်တည်ချက်တူ
မေလ ၂၆ ရက်စွဲဖြင့် ကြံ့ခိုင်ရေးပါတီက အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ သမ္မတ ဦးသိန်းစိန်၏ သဘောထားအတိုင်းဖြစ်ကြောင်း တွေ့ရှိရသည်။
မေ ၁၅ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် က အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ မကြာမီ ကြုံတွေ့ကြရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတ၍ လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စများသည် မိမိတို့၏ ပြည်တွင်း ရေးကိစ္စများဖြစ်ပြီး မိမိတို့၏ အချုပ်အခြာအာဏာကို အထိအပါးမခံဘဲ အခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုကိစ္စများ ကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမှ မလိုလားကြောင်း၊ တိုင်းပြည် ဆူဆူပူပူဖြစ်လျှင် မိမိတိုင်းပြည်ပဲ နစ်နာမည်၊ မိမိပြည်သူများသာ ထိခိုက်နစ်နာ ကြရမည် ဖြစ်ကြောင်း၊ အမှားအမှန်၊ အဆိုး အကောင်းအား ယနေ့ ဆူဆူပူပူဖြစ်နေသည့် နိုင်ငံများ၏ သင်ခန်းစာကို ရယူပြီး မိမိတို့နိုင်ငံတွင် အလားတူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် နိုင်ငံကိုချစ်သည့် ရဟန်း ရှင်လူ ပြည်သူများအားလုံး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ၁၇ ဦး တာဝန်မှရပ်နားခွင့်တောင်း
တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၇ ဦး ပါတီတွင်း အဆင်မပြေမှုကြောင့် လက်ရှိ ထမ်း ဆောင်နေသောတာဝန်များမှရပ်နား ခွင့်တောင်းထားကြောင်းသိရသည်။
အဆိုပါ ၁၇ ဦးမှာ တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ်မှ အလုပ်အမှုဆောင် ရှစ်ဦးနှင့် မြိတ် ခရိုင်မှ အလုပ်အမှုဆောင် အပါ အဝင် ပါတီဝင်ကိုးဦးတို့ဖြစ်ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တင်ထား ခြင်းဖြစ်ကြောင်း အဆိုပါမြို့နှစ်ခု၏ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ယူ ထားသူဦးဝင်းနိုင်က ဒီမိုကရေစီတူဒေး သတင်းစာသို့ အတည်ပြုပြောသည်။
KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်
တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့
၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၊ ဗိုလ်စိန်မှန် ကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်။ ဓာတ်ပုံ - AFP
ရန်ကုန်၊ မေ၂၆- မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ် သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလူထု ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် ၏ ဟောပြောချက်အချို့နှင့်ပတ် သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပ ဒေပါပြဋ် ဌာန်း ချက်များကို သတိပြုလိုက် နာရန်အတွက် အကြောင်းကြားစာ တစ်စောင်ပေးပို့ သတိပေးခဲ့ကြောင်း သိရသည်။
Monday, May 26, 2014
ကျောင်းဖွင့်ချိန်အတွက် ရင်ခုန်နေတဲ့ ယွန်းယွန်း
အနုပညာလောကမှာ ကလေးသရုပ်ဆောင်တစ်ယောက် အနေနဲ့ အကယ်ဒမီထူးချွန်ဆုကို ” မွေခံထိုက်သူဖြစ်ပါစေ” ဇာတ်ကားနဲ့ ရရှိထားတဲ့ ယွန်းယွန်းက အခုကျောင်း ဖွင့်ရာသီချိန်မှာတော့ ၉ တန်းကိုတက်ရောက် မှာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တက်ရောက်ခဲ့တဲ့ ဗိုလ်တထောင် (၃)မှာပဲတက်မှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်ကိုသာ မန်ကျောင်းသူ တစ်ယောက်လိုပဲ ပျော်ရွှင်မိသလို ဒီနှစ်ကိုတော့ ပိုရင်ခုန်မိတယ်လို့
ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုကို နိုင်ငံခြားရေးဌာန ၀န်ထမ်းတချို့ထောက်ခံ
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သူတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနက ၀န်ထမ်း တချို့ကတော့ ထိုင်းနိုင်ငံမှာ အပြောင်းအလဲတခုခု မဖြစ်မနေလိုအပ်လာပြီး မလွှဲသာ မရှောင်သာ စစ်တပ်က အာဏာသိမ်းလိုက်တာဖြစ်လို့ ထောက်ခံကြိုဆိုကြပါတယ်။ သူတို့ကိုယ်သူတို့လည်း "Change is Inevitable"အုပ်စုလို့ အမည်ခေါ်ကြောင်း ဘန်ကောက်ပို့စ် သတင်း တခုမှာ တွေ့ရပါတယ်။
ကမ္ဘာ့အ၀ဆုံး မက္ကဆီကို အမျိုးသား ကွယ်လွန်
ခုတင်ပေါ်တွင် ထိုင်နေရင်း လေ့ကျင့်ခန်းလုပ်နေသည့် မန်နူယ်အူရီဘီကို လွန်ခဲ့သော ၆ နှစ်က တွေ့ရစဉ်
မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး လူစာရင်းတွင် ပါဝင်ခဲ့သော မက္ကဆီကိုအမျိုးသား မန်နူယ်အူရီဘီသည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ကိုယ်အလေးချိန် ပေါင် ၁၂၃၀ ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သော မန်နူရယ်အူရီဘီသည် ကိုယ်အလေးချိန် ၈၆၇ ပေါင်ခန့်အထိ လျှော့ချခဲ့သည်။
ဘင်္ဂါလီများအား ဇွန်လ တတိယပတ်အတွင်း သန်းခေါင်စာရင်း အပြီးသတ်ကောက်မည်ဟုဆို
ရန်ကုန်၊ မေ ၂၆- မည်မျှပင်ညှိနှိုင်းမှု အဆင်မပြေဖြစ်နေကြသော်လည်း သန်းခေါင်စာရင်းကောက်ယူရန် ကျန် ရှိသေးသည့် ရခိုင်ပြည်နယ်အတွင်း ရှိ ဘင်္ဂါလီများကို ဇွန်လတတိယ ပတ် အတွင်း အပြီးသတ်ကောက်ခံသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
သင့်ဘက်က ဖွင့်ပြောသင့်ပြီဆိုတာ သေချာစေတဲ့ အကြောင်းအချက် (၈) ချက်
တစ်ခါတစ်လေ ကောင်လေးရော၊ ကောင်မလေးရော နှစ်ဦးစလုံးဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားပေမယ့် စတင်ဖွင့်ဟလိုက်ဖို့ မ၀ံ့မရဲဖြစ်နေတတ်ပါတယ်။ ငါသူ့ကို ချစ်နေတာ သေချာသွားပြီ၊ အဲ့ဒီ့အချက်ကို ပေါ်လွင်စေတဲ့ အကြောင်းအရာ တွေကလည်း ရှိနေပြီ။ သူကလည်း ကိုယ့်ကိုစိတ်ဝင်စားနေတာ သေချာပြီဆိုရင် ကိုယ့်ဘက်က စပြီး ဖွင့်ပြောလိုက်ဖို့၊ အထာပေးလိုက်ဖို့ တွန့်ဆုတ်နေစရာ မလိုပါဘူး။ ဒါ့ကြောင့် ကိုယ်သူ့ကို စိတ်ဝင်စားနေပြီလား၊ ချစ်နေပြီလားဆိုတာ ဒီအချက်ကလေးတွေ ကြည့်ပြီး ဆုံးဖြတ်ရအောင်။
Nang Khin Zay Yar - Black Fashion
Photo-papawady
RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော လားဟူရွာသား(၉)ဦး ပြန်လွှတ်လာသော်လည်း ရွာရွှေ့ပြောင်း ပေးရန် ခြိမ်းခြောက်ခြင်းခံရ
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲ၊ ကျိုင်းတောင်းကျေးရွာအုပ်စု (၁၉)မိုင်ရွာသစ်နေ လားဟူတိုင်းရင်းသား(၉)ဦးအား RCSS/SSA အဖွဲ့မှ မေ ၃ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ရာ မေ ၂၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
မြန်မာ့နိုင်ငံရေး ဂငယ်ကွေ့ ကွေ့တော့မှာလား
ထိုင်းနမူနာ ထိုင်းသင်ခန်းစာ
ထိုင်းနိုင်ငံမှာ ထိုင်းဘုရင့်တပ်မတော်က နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်ပြီး Peace Keeping Command Council ကို ဖွဲ့စည်းလိုက်ပါတယ်။ ထိုင်းစစ်ဘက်ကတော့ ဒါဟာ အာဏာသိမ်းတာ မဟုတ်ဘူး ဆိုပြီး ထုတ်ဖော်ပြောကြားပေမယ့်လည်း စစ်တပ်အာဏာသိမ်းတာက သိမ်းတာပါပဲ။ ထိုင်းပြဿနာ က စစ်တပ် အာဏာသိမ်းလိုက်တာနဲ့ ပြေလည်သွားမှာ မဟုတ်ပါဘူး။ အဓိကပြဿနာက နိုင်ငံရေး ပြဿနာပဲ ဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရာတွင် သမ္မတဖြစ်ရန် တစ်ခုတည်း ကိုဦးတည်ပြီး ပြောင်းလဲ ၍ရမည်မဟုတ်ဟု ဦးသိန်းညွန့်ပြော
ရန်ကုန်၊ မေ ၂၅- ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ဆန္ဒနှင့် အညီ ပြည်သူများအတွက် သာပြောင်းလဲရ မည်ဖြစ်ပြီး ကိုယ် သမ္မတဖြစ်ရန် တစ်ခု တည်းဖြင့် ပြောင်း လဲရမည်မဟုတ်ဟုအမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
မေ၂၄ရက်တွင် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးတွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခြေအနေများ အပေါ် ဦးသိန်းညွန့်မှ သုံးသပ်ပြီး မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးပူးပေါင်းလှုပ် ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ဆောင်ရွက်နေမှုများအပေါ် ယင်း၏ အမြင်များ အား အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
‹
›
Home
View web version