ဇေကမ္ဘာ သူဋ္ဌေးကြီး ဦးခင်ရွှေ ဟာ ဒေါက်တာ ဘွဲ့ အဆောင်အယောင် ဝတ်ရုံဝတ်ဆင်ကာ ဆင်စီး၊ ထီးဖြူဆောင်း၊ ပိဋကတ် ၃ ပုံ ပင့်ဆောင်လာတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာတဲ့ကိစ္စပါဘဲ။

အွန်လိုင်းမှာ ပျံ့နေတဲ့ ဆင်စီးပြီး ထီးဖြူဆောင်း ပိဋကတ် ၃ ပုံ ပင့်ဆောင်သူ ဇေကမ္ဘာ ဦးခင်ရွှေ၏ ဓာတ်ပုံ
ဒီ ဓာတ်ပုံတွေက တကယ်တော့ ဂုဏ်ထူးဆောင် ဓမ္မပါရဂူဒေါက်တာဘွဲ့ကို ရရှိခဲ့တဲ့ ကျိုက်ထီးဆောင်း ဆရာတော်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က ဇွန်လ ၂၇ ရက်နေ့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲ လုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ အခမ်းအနားအစီအစဉ်အရ ဆရာတော်ကို ဆင်ရတနာနဲ့ ပင့်ဆောင်ပူဇော်ခဲ့စဉ်မှာ သာသနာ့နုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေကလည်း ပိဋကတ် ၃ ပုံကို ဆင်စီးပြီး ပူဇော်ပင့်ဆောင်လာခဲ့တာပါ။
ဒီ ဓာတ်ပုံတွေအပေါ် ဝေဖန်သူတွေ အတော်များများ ရှိသလို ထောက်ခံ အားပေးသူတချို့ကိုလည်း တွေ့ ရပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သားတဦးဖြစ်သူ ဇေသီဟ က သူ့ဖေ့စ်ဘုတ်မှာတော့ ဖခင်ဖြစ်သူကို ဝေဖန်နေကြတဲ့ ကိစ္စအပေါ် အခုလို တုံ့ပြန်ထားပါတယ်။
"facebook တစ်ခုလုံးလဲ အဖေ့ကိုဆော်လိုက် ညီညီကို ဆော်လိုက် ဦးရွှေမန်းကိုဆော်လိုက်နဲ့ ပွဲတော်
တွေ့နေကြတာပဲ။ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို ဘယ်သူမှတန်ဖိုးဖြတ်လို့မရပါဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လျှောက် ပြီး ကိုယ့်ထမင်းကိုယ်စားရတဲ့ခေတ်မှာ အကျိုးမရှိတဲ့ စကားတွေနဲ့ နိုင်ငံကို တန်ဖိုး မလျော့စေချင်ဘူး။ လူမျိုးကို အောက်မကျစေချင်ဘူး။ ဘာသာကို စော်ကားမခံစေချင်ဘူး။
ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်း၊ တိုးနိုင်မန်း ၊ အဖေ တို့ကို ဆော်ချင်ရင် လုပ်ရပ်တွေကို အားမရရင် သူတို့လိုနေရာကို အစားထိုးဝင်နိုင်အောင်ကြိုးစားပါ။ အခုထဲက လေ့လာပါ။ သင်ယူပါ။ "
အိမ့်သံစဉ်
ဧရာဝတီ

No comments:
Post a Comment