
ယခုရက်ပိုင်းအတွင်း ပဲခူးရေ ဘေးသင့်ပြည်သူ များလာခြင်း ကြောင့် ရိက္ခာမလောက်ငမှုများနှင့် ကြုံတွေ့နေရကြောင်း ကျောက်ကြီး စုရပ်ကွက် ရာအိမ်မှူး ကိုနေလင်း ထိုက်က ပြောသည်။
”လူဦးရေက တစ်နေ့တစ်နေ့ များများလာတော့ လာလှူတဲ့ အ ရေအတွက်နဲ့ မလောက်ဘူးဖြစ်ဖြစ် နေတယ်။ လာပို့ပေးတာ နောက်ကျ တာလည်း ပါတာပေါ့”ဟု ၄င်းက ပြောသည်။ပဲခူးမြစ်ရေလျှံမှုမှာ သြဂုတ် လအစတွင် ပိုမိုဆိုးရွားလာခဲ့ပြီး ရေ ကြီးမှုကြောင့် ပဲခူးမြို့ ဒေသခံလူအ များစုမှာ ဘုန်းတော်ကြီးကျောင်း များနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခ သည်စခန်းများတွင် နေထိုင်နေရ လျက် ရှိသည်။
သြဂုတ်လ ပထမအပတ်တွင် ရေဘေးဒုက္ခသည် ရှစ်ထောင်ဝန်း ကျင်ရှိရာမှ ယခု တစ်သောင်းနီးပါး ထိတိုးလာရာ အစားအစာ မလုံ လောက်သည့်ပြဿနာအပြင် ဒုက္ခ သည်အရေအတွက် များပြားလာ ခြင်းကြောင့် အိမ်သာမလုံလောက်မှု ပြဿနာလည်း ဖြစ်ပွားလျက် ရှိ ကြောင်း သိရသည်။
အစိုးရကျောင်းအချို့မှာ ရေ ဘေးကြောင့် ပိတ်ထားရပြီး လက်ရှိ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် လည်း နေရာအခက်အခဲကြောင့် အထက်တန်းများကိုသာ သင်ကြား ပေးကြောင်း ဇိုင်းဂနိုင်းတောင်ပိုင်း ဒေသခံမဆုမြတ်က ပြောသည်။
ပဲခူးမြို့တွင် နှစ်စဉ်ရေကြီးရေ လျှံမှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ ကြီးကြီးမားမား ဖြစ် ပွားခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မှနေအိမ်များ ရေနစ်မြုပ်သည် အထိ ဖြစ်ပွားခြင်းဖြစ်ပြီး လွန်ခဲ့သည့်ဆယ် နှစ်ဝန်းကျင်ကလည်း ယခုကဲ့သို့ရေ ကြီးရေလျှံမှု ဖြစ်ပွားခဲ့ဖူးကြောင်း ရာအိမ်မှူးကိုနေလင်းထိုက်က ပြော သည်။ ရေကြီးရေလျှံ မှု ဖြစ်ပွားလျက် ရှိသော ပဲခူးမြို့သို့ နာရေးကူညီမှုအ သင်း(ရန်ကုန်)၊ ဧရာဝတီဖောင်ဒေး ရှင်းတို့မှ သြဂုတ်လ ၈ ရက်နေ့တွင် သောက်ရေသန့်ဘူးများ၊ ရိက္ခာ ခြောက်များ
သွားရာက်လှူဒါန်းခဲ့ပြီး အခြားသော လူမှုကူညီရေးအသင်း အဖွဲ့များမှလည်း သွားရောက်လှူ ဒါန်းလျက်ရှိကြောင်း သိရသည်။
ဝေယံ၊ သီရိဟန်
popularmyanmar
No comments:
Post a Comment