iDevice များပေါ်တွင် အသုံးပြုသော ဆော့ဖ်ဝဲနှင့် ဂိမ်းများတွင် အချို့သော APP များမှာ အသုံးပြုနေစဉ်အတွင်းမှာပင် နောက်ထပ် ဆက်လက်အသုံးပြုလိုပါက ၀ယ်ယူအသုံးပြုရမည်ဆိုသော စာများနှင့် အွန်လိုင်းချိတ်ဆက် ခိုင်းသည့် စာများ ပေါ်လာတတ်သည်။ ယင်းသို့ ထပ်မံဝယ်ယူအသုံးပြုရမည်ဖြစ်သော စာများ ပေါ်မလာစေရန်အတွက် ပိတ်ထားနိုင်သည်။-ပထမအဆင့်အနေဖြင့် မိမိ၏ iDevice ထဲတွင်ရှိသော Setting စနစ်ထဲသို့ ၀င်လိုက်ပါ။
-ဒုတိယအဆင့်အနေဖြင့် Setting ထဲတွင်ရှိသော General ထဲသို့ဝင်ပါ
-တတိယအဆင့်အနေဖြင့် General ထဲတွင်ရှိသော Restrictions ဆိုသောစနစ်အား Off လုပ်လိုက်ပါ။
ယင်းစနစ်အား Off ပြုလုပ်လိုက်ပါက ဆော့ဖ်ဝဲများအား အွန်လိုင်းမှ ထပ်မံဝယ်ယူအသုံးပြုခြင်း စနစ်အား ပိတ်ထားပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ စနစ်အား ပိတ်ထားခြင်းဖြင့် ဂိမ်းကစားရာတွင် လက်ကျန် အခန်းများအား ထပ်မံဝယ်ယူအသုံးပြုရန် စာပေါ်လာမည်မဟုတ်တော့ဘဲ အသုံးပြုခွင့် ကစားခွင့်ပေးထားသော အခန်းများအတွင်း၌ပင် ရှိနေမည်ဖြစ်ပြီး အခန်းသစ် ဆက်လက်တက်ရောက် ၀ယ်ယူကစားရန် အတားအဆီး ရှိနိုင်မည်ဖြစ်သည်။
Internet Journal

No comments:
Post a Comment