နိုင်ငံရေးပါတီ (၆၆) ပါတီမှ အပစ်ရပ်ရေး အမြန်ဆုံး လက်မှတ်ရေးထိုးရန် စုပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မပါဝင်ခဲ့ကြောင်း ကြေညာချက် တစ်စောင်အား ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ဆွေးနွေးပွဲမှာ ကျွန်တော်တို့မြင်တာက တချို့ပါတီက ဆွေးနွေးတယ်၊ တချို့ပါတီက မဆွေးနွေးဘူး (၆၆) ပါတီလုံး ဆိုတော့ အကုန်လုံးက ဆွေးနွေးသလို ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ မပါဘူးလို့ပြောတာ ဟု ၎င်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးထွန်းထွန်းဟိန်းက The Messenger Media သို့ပြောသည်။
သြဂုတ်လ (၁)ရက်နေ့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသော အစည်းအဝေး ခေါင်းစဉ်မှာ နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ် များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေး စင်တာ၏ ရှင်းလင်း ပြောကြား ချက်များ အရ နိုင်ငံရေးဆွေးနွေးပွဲ အတွက် လိုအပ်တဲ့ မူဘောင် ဟူ၍ ပြင်ဆင် ညှိနှိုင်းကာ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယင်းကိစ်္စသည် အစည်း အဝေးခေါင်းစဉ်နှင့် မသက်ဆိုင်ဟု ယူဆသ ဖြင့် ၂၀၁၄ခုနှစ် သြဂုတ်လ (၁၁)ရက်နေ့စွဲဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အပြန်အလှန် ဆွေးနွေးခြင်း အခမ်းအနားတက်ရောက်ကြသည့် နိုင်ငံရေးပါတီများ၏ သဘောထား ထုတ်ပြန်ချက် စာတမ်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ခြင်းမရှိကြောင်း ပြန်လည် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများ၏ သဘောထား ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အားလုံးသည် နှစ်ပေါင်းများ စွာ ရင်ဆိုင်ကြုံတွေ့လာခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက် ငြိမ်းချမ်းရေးလိုလားသူအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်သည့် အချိန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များသည် နိုင်ငံအတွင်း ရေရှည် တည်တန့်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အလို့ငှာ နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အား အမြန်ဆုံး လက်မှတ်ရေးထိုးကြရန် အလေးအနက် တိုက်တွန်းကြောင်းဖော်ပြ ထားသည်။ ထိုမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို အပစ်ရပ် စာချုပ်ပါအချက်များအတိုင်း မပျက်မကွက် အကောင်အထည် ဖော်ကြရန်၊ ပါဝင်ထိုက်သူများ၊ ပါဝင်သော နိုင်ငံရေး တွေ့ဆုံမှုများ ဖြစ်ပေါ်လာရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ (UPWC) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးရာအဖွဲ့ (NCCT) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးရန် စသည့် အချက်များကို သြဂုတ်လ (၁၁) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သတင်း-Messenger News Journal

No comments:
Post a Comment