
“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပါတော့မယ်။ အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှက်နေပါပြီ။ ကျွန်တော်ကို့ ခွင့်လွှတ်ပေးကြပါ” ဟု ရုရှားဘာသာဖြင့် Twitter တွင် ရေးသားခဲ့သည်။နောက်ထပ် Twitter တစ်စောင်တွင်လည်း “ကျွန်တော် ပြောချင်နေတာတော့ ကြာပါပြီ၊ ဗိုဗာရေ (ပူတင်၏ အမည်ပြောင်) ခင်ဗျားမှားနေပြီ” ဟု ရေးသားထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားအစိုးရအရာရှိတစ်ဦးက “ဒီစာတွေက အမှန်မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။
သို့သော် မက်ဒီဒက်၏ Twitter တွင် ရေးသားမှုများမှာ ဆက်လက်ထွက်ပေါ်နေပြီး ရုရှားတွင် ၀င်ရောက်ကြည့်ရှုသူအရေအတွက် ၁၀၀၀၀ မှ၂ ဒသမ ၅ သန်းသို့ အဆမတန် မြင့်တက်သွားခဲ့သည်။
ရေးသားထားသည့် စာမျာတွင် ရုရှားအစိုးရအား ဝေဖန်မှုအများအပြားပါဝင်သည်။
Ref:AFP
Mizzima
No comments:
Post a Comment