
ထုတ်ကုန်သုံးခုကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Samsung ၏ 3-in-1 USB cable ဖြစ်သည်။
အဆိုပါ အဖြူရောင် USB cable တွင် USB ခေါင်း သုံးခု ပါဝင်ပြီး ၎င်းကို မီးခလုတ်ခုံတွင် တပ်ဆင်ပြီးနောက် ထုတ်ကုန်သုံးခုအထိ တစ်ပြိုင်နက် အားသွင်းနိုင်မည် ဖြစ်သည်။၎င်း USB cable သည် စွမ်းအင် 2A ကို ခွဲဝေပေးသောကြောင့် ထုတ်ကုန် သုံးခုကို တစ်ပြိုင်နက် အားသွင်းသည့်အခါ ထုတ်ကုန် တစ်ခုစီလျှင် စွမ်းအင် 667mA ရရှိမည် ဖြစ်သည်။ အကယ်၍ ထုတ်ကုန် နှစ်ခုကို တစ်ပြိုင်နက် အားသွင်းပါက 1A စီ ခွဲဝေပေးမည် ဖြစ်သည်။ တစ်ခုတည်း အားသွင်းပါက 2A အပြည့် ရရှိမည် ဖြစ်သည်။
Samsung သည် အဆိုပါ 3-in-1 USB cable ကို အလွယ်တကူ သယ်ဆောင်သွားနိုင်အောင် ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ၎င်း USB cable ကို ၃၉.၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဟု ကြေညာထားသော်လည်း တင်ပို့ရောင်းချမည့် အချိန်ကို ဖော်ပြထားခြင်း မရှိပေ။
Ref: SlashGea
Internet Journal
No comments:
Post a Comment