Saturday, December 27, 2014

အသားအရေအတွက် အခြေခံအကျဆုံး သိသင့်တဲ့ အချက် (၂)ချက်



ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှတော့ မှန်ကြည့်ကြတာပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့အရာကိုတော့ ကျွန်မတို့မမြင်မိကြဘူး ။ ကျွန်မတို့ရဲ့ မျက်နှာတွေကို စစ်ဆေးကြည့်ကြတယ်။ ကိုယ့်အသားအရေပိုင်းကို ဂရုစိုက်ကြတယ်။ ဒါပေမယ့် ကျွန်မတို့အရေပြားပေါ်က အပျက်အစီးတွေကိုတော့ သာမာန်မျက်လုံးနဲ့ မမြင်နိုင်ပါဘူး။ အသားအရေပိုင်း ဂရုစိုက်တဲ့အခါ အခြေခံအကျဆုံးတစ်ချက်ကိုပဲ ထုတ်ပြချင်ပါတယ်။ အဲ့ဒါကတော့ နေပူဒဏ်ခံမိကြတာပါ။ ထီးတွေ၊ ဦးထုပ်တွေ မပါပဲ ဒီနား၊ ဟိုနားပဲဆိုပြီး သွားလာခြင်းကနေ သင့်အသားအရေဟာ နေပူဒဏ်ကိုခံနေကြရပါတယ်။ ဒီတော့ နေပူဒဏ်ခံနို်င်မယ့် sunscreen ကို လိမ်းကို လိမ်းပေးရမှာပါ။ နောက်တစ်ချက်ကတော့ မျက်နှာအသားအရေမှာ ပြသနာဖြစ်လာပြီဆိုရင် အလွယ်တကူ ဖြေရှင်းနည်း တစ်နည်းပါ။ ကဲ အောက်မှာ အရေးအကြီးဆုံး အချက်နှစ်ချက်ကို ဖတ်ကြည့်လိုက်ပါဦး။နေပူခံလိမ်းဆေး sunscreen မကြာခဏလိမ်းပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ လူတွေက နေပူခံလိမ်းဆေး ပုံမှန်လိမ်းကြပေမယ့် သူတို့က နည်းနည်းလေးပဲ လိမ်းကြတယ်။ သေသေချာချာပြန်မလိမ်းကြဘူး။ အလှအပရေးရာ ပညာရှင်တွေကတော့ နေပူခံလိမ်းဆေးကို တစ်နေ့လုံး လိမ်းထားဖို့အကြံပေးကြတယ် ။ နေပူခံလိမ်းဆေးမှာ ပါဝင်တဲ့ ပစ္စည်းတွေက အားလုံးမတူညီကြပါဘူး။ တစ်ချို့လိမ်းဆေးတွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ ဒါကို အကြမ်းဖျင်းလောက်တော့ သိထားရမှာပါ။ နောက်ပြီး လူတွေထင်နေကြတဲ့ မိတ်ကပ်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတာ မှားပါတယ်။ လုံလောက်စွာ ကာကွယ်မပေးနိုင်ဘူးဆိုတာ သတိပြုမိကြပါစေ။ ကိုယ့်အသားအရေက ဘယ်လိုအသားအရေမျိုးပဲဖြစ်ပါစေ လူတိုင်းက နေပူခံလိမ်းဆေးလိမ်းဖို့ လိုအပ်ပါတယ်။

အစက်အပြောက်တွေဖယ်ရှားပေးမယ့် အကောင်းဆုံးနည်းလမ်း

အစက်အပြောက်တွေ ဖယ်ရှားပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဗီတာမင်စီနဲ့ သံပုရာသီးကို လိမ်းပေးခြင်းဖြစ်ပါတယ် ။ သံပုရာသီးမှာပါတဲ့ စစ်ထရစ်အက်စစ်က အရေပြားပေါ်က အစက်အပြောက်တွေကိုဖြည်းဖြည်းချင်း ဖယ်ရှားပေးစေပါတယ်။ ဆိုင်မသွားနိုင်လို့ အိမ်မှာပဲ အသားအရေထိန်းသိမ်းမယ်ဆိုရင်လည်း ဒါကောင်းတဲ့အချက်ပါပဲ။ အိမ်တွင်းအသားအရေထိန်းသိမ်းမှု ပြုလုပ်ခြင်းဟာ အကောင်းဆုံးသော အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုထားတာကြောင့် နည်းမှန်လမ်းမှန် ထိန်းသိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

Ref: queentatifah.com
7Day Daily

No comments:

Post a Comment