နိုင်ငံ အရှေ့မြောက်ပိုင်း ကျွန်းဆွယ်ဒေသမှာ အခြေအနေ အဆိုးဆုံးဖြစ်ပါတယ်။ ဒီဒေသမှာ အရှေ့မြောက် မုတ်သုံကြောင့် နှစ်စဉ် ရေကြီးမှုနဲ့ကြုံတွေ့ရလေ့ရှိပေမယ့် ဒီနှစ်မိုးကတော့ အရင်နှစ်တွေကထက် သည်းထန်နေပါတယ်။ရေကြီးမှုကြောင့် ၀န်ကြီးချုပ် န၀ပ်ရှာရပ်က အမေရိကန်ပြည်ထောင်စုသွားပြီး အပန်းဖြေမယ့် ခရီးစဉ်ကို ဖျက်သိမ်းထားရပါတယ်။အမျိုးသားလုံခြုံရေး ကောင်စီနဲ့ သဘာဝကပ်ဘေးကာကွယ်ရေး ကယ်ဆယ်ရေး အဖွဲ့တို့ ပြုလုပ်တဲ့ အစည်းအဝေးကိုလည်း ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နဂျစ် ရာဇာတ်က ရေဘေးဒုက္ခသည်တွေအတွက် နောက်ထပ် မလေးရှားငွေ သန်း ၅၀၀ အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော် အကူအညီပေးမယ်လို့ ကြေညာထားပါတယ်။ ဒီမတိုင်ခင်က နှစ်ရက်ကတည်းက မလေးရှားငွေ သန်း ၅၀၀ ကို အကူအညီပေးဖို့ ခွဲတမ်း ချထားပြီးလည်း ဖြစ်ပါတယ်။
DVB
No comments:
Post a Comment