Sunday, December 21, 2014

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ် ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာ နေ ဦးသိန်းဇော် ၂၄ နှစ် (ဘ)ဦးမြင့်ဆွေ သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့် အကွာရှိ နမ္မဖြစ် ချောင်းအတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သည်။အဆိုပါမိုင်း ပေါက်ကွဲမှုကြောင့် ဦးသိန်းဇော် သည် ညာဘက် ခြေချင်းဝတ် ကျိုးပြီး ဘယ်ဘက် ခြေသလုံး၊ ခြေချင်းဝတ် နှင့် ညာဘက် ခြေသလုံး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကာ ဖားကန့် ပြည်သူ့ဆေးရုံ၌ တက်ရောက်၍ ဆေးကုသ မှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment