မြန်မာနိုင်ငံ၏ လူ့အခွင့်အ ရေးအခြေအနေဖြစ်ပေါ်တိုးတက် မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဒီ ဇင်ဘာ ၂၉ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ရိုဟင်ဂျာ များကို နိုင်ငံသားဖြစ်ခွင့်ပြုရန်နှင့် နိုင်ငံတစ်ဝန်းလွတ်လပ်စွာသွား လာခွင့်ပြုရန် တိုက်တွန်းထားသည့် အပေါ် HRW အဖွဲ့က သမ္မတထံ သီးသန့်စာ ပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေ ရိကန်ပြည်ထောင်စု၏ ကုလသံ အမတ်မစ္စဆမန်သာပါဝါက ရခိုင် ပြည်နယ်အတွင်း ဘာသာရေးအ စွန်းရောက် ဘုန်းတော်ကြီးများ၏ လှုံ့ဆော်မှုကြောင့် ရိုဟင်ဂျာများ နှင့် လူနည်းစု မွတ်စလင်များအပေါ်တိုက်ခိုက်မှုများရှိနေပြီး ရိုဟင်ဂျာ တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်း များတွင် စုတ်ပြတ်စွာ နေထိုင်နေ ကြရကြောင်း ဇန်န၀ါရီ ၁၄ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် မကြာမီက မြန်မာအစိုးရ အဆိုပြုသည့် ဥပဒေကြမ်းအရ ရိုဟင်ဂျာများ အနေဖြင့် နိုင်ငံသားဖြစ်ရန်၊ ၎င်းတို့၏ လူမျိုး အမည်ကို စွန့်လွှတ်ရန် ဖိအားပေး ခံနေရကြောင်း ၎င်းက ပြောကြား သွားသည်။
‘‘နိုင်ငံသားကိစ္စနဲ့ ပတ်သက် လို့ အကြိမ်ကြိမ်ပြောထားပြီးသား ပါ။ လက်ရှိအစိုးရက ငြင်းဆန်နေ တာ မဟုတ်ဘူး။ 82 ဥပဒေနဲ့ညီရင် နိုင်ငံသားပေးမယ်။ မညီရင်တော့ မပေးနိုင်ဘူး။ အိုဘားမားအစိုးရက Immigration Reform လုပ်ချင် လို့ ကိုယ့်ပြည်တွင်းမှာ လုပ်နေတာ ပဲ။ သူတို့ ပါတီနဲ့ ပြည်သူတွေ က ကန့်ကွက်နေတော့ ဘာလုပ် လို့ရသလဲ။ ဒီလို လုပ်သလိုပဲ မြန် မာနိုင်ငံကို လာပြီး လုပ်ခိုင်းလို့တော့ဘယ်ရမလဲ။ ကိုယ့်နိုင်ငံထဲမှာ ရ အောင် အရင်လုပ်ပါဦး’’ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မစ္စဆမန်သာ၏ ပြောကြားမှုအပေါ် တုံ့ပြန်ပြောကြားသည်။
ကုလသမဂ္ဂ၏ ရိုဟင်ဂျာများ ကို နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ် စွာသွားလာခွင့်ပြုရန် တိုက်တွန်းမှု အပေါ် ရခိုင်ပြည်နယ်နှင့် ရန်ကုန် မြို့အချို့နေရာများတွင် ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုများ ယခုရက်ပိုင်း အတွင်း ပြုလုပ်ခဲ့ပြီး ယခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် ကုလလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီကို စစ်တွေဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
7Day Daily
No comments:
Post a Comment