‘‘အရေးယူတာက ၅၁လမ်း ရုံးမှာ။ ISအလံမဟုတ်ဘူး။ IS အလံဆိုတာက ဖွတာပါ။ ဘာသာ နဲ့ ဘာသာရေး စတစ်ကာလေး တွေရှိတယ်လေ။ အဲဒါလေး ကပ် တာကို ISဆိုပြီး ဖွလို့မို့စစ်ဆေး တာပါ’’ဟု ခရိုင်အဆင့်ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောဆို သည်။
ယင်းစတစ်ကာတွင် ပါရှိ သည့် စာသားအဓိပ္ပာယ်မှာ ‘‘အ လ္လာအရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ရာမရှိ။ တမန်တော် မိုဟာမက်သည် အလ္လာအရှင် မြတ်၏ တမန်တော်ဖြစ်တော်မူ ၏’’ဟူသော အဓိပ္ပာယ်ရပြီးယင်း ဓာတ်ပုံပါစာသားများကို ဖြန့်ဝေ ရာတွင် အဓိပ္ပာယ်အလွဲများဖြင့် ရေးသားမှုများရှိခဲ့သည်။
ရဲတပ်ဖွဲ့ စစ်ဆေးခဲ့သူ မှာ ၁၅၉ လမ်းတွင်နေထိုင်ပြီး ဆော်ဒီအာရေးဗီးယားဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်မှ ပြန်လာသူဖြစ်ကာ ဘာသာရေးအလံကို ကား၌တပ်ဆင်ထားခြင်းဖြစ်ကြောင်း ရဲအရာရှိက ရှင်းပြသည်။ ၎င်းကို မော်တော်ယာဉ်အက်ဥပဒေဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
အဆိုပါအလံမှာ IS အဖွဲ့၏ အလံမဟုတ်ဘဲ အစ္စလာမ်ဘာ သာကိုးကွယ်သူတို့၏ ဘာသာရေး အလံဖြစ်ကြောင်း နားလည်သူတို့ က လူမှုကွန်ရက်တွင် ရှင်းလင်းခဲ့ ကြသည်
7Day Daily
No comments:
Post a Comment