‘‘လာမယ့် ရွေးကောက်ပွဲမှာ တော့ အမျိုးသားလွှတ်တော်အ တွက် နိုင်သူအကုန်ယူစနစ်ပဲကျင့် သုံးမှာပေါ့။ အချိန်မှမမီတော့ဘဲကို။ ဒါပေမဲ့ နောက်လာမယ့် ကြားဖြတ် အပါအ၀င် ရွေးကောက်ပွဲအတွက် ဒီစနစ်ကို ကျင့်သုံးနိုင်အောင်တော့ ဥပဒေတစ်ရပ်ကို ဒီလွှတ်တော် သက်တမ်းအတွင်းပြီးစီးအောင် ဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု ဒေါ် ခင်ဝိုင်းကြည်က ပြောသည်။
အဆိုပါ ဥပဒေကြမ်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မ ဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သများ၌ နိုင်သူအကုန်ယူစနစ် သတ်မှတ်မည်ဖြစ်ပြီး ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်မူ အ ချိုးကျကိုယ်စားပြုစနစ် ကျင့်သုံး မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေကြမ်း ၌ ဖော်ပြထားသည်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမှုအရ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသများမှအပ မဲ ဆန္ဒနယ်များကို နိုင်ငံတစ်ဝန်းလက် ရှိ သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၁၆၈ နယ်မှ ၅၄ နယ်အထိလျှော့ ချလိုက်ကာကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်ကိုဖော်ပြထားခြင်း မရှိဘဲ ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအလိုက် ရရှိသော ဆန္ဒမဲအရေအတွက်ကို ရာခိုင်နှုန်းတွက်ချက်၍ အချိုးကျ တင်မြှောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊ မသုံးကိုဧပြီအတွင်းအပြီး သတ်ဆုံးဖြတ်ချက်ပေးနိုင်ပါကလာ မည့် ၂၀၁၅အထွေထွေရွေးကောက် ပွဲတွင် အဆိုပါစနစ်ကျင့်သုံးရန် ကော်မရှင်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အ မျိုးသားလွှတ်တော်သို့ အကြောင်း ကြားစာပေးပို့ခဲ့ကြောင်း ဒေါ်ခင် ၀ိုင်းကြည်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီ များမှ လွှတ်တော်ကိုယ်စားလှယ် များက အဆိုပါစနစ်ကျင့်သုံးခြင်း ကို ကန့်ကွက်ထားပြီး အခြေခံဥပ ဒေနှင့် ညီ၊မညီ ဆုံးဖြတ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ခုံရုံး သို့ ပေးပို့ထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ဥပဒေမူကြမ်းထွက်လာမှသာ အဆိုပါစနစ်ကျင့်သုံးခြင်းသည် ဥ ပဒေနှင့်ညီ၊ မညီ စိစစ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားထားသည်။
7Day Daily
No comments:
Post a Comment