Friday, May 15, 2015

ရွေးကောက်ပွဲစောင့်ကြည့်မည့်သူများလိုက်နာရန်ခက်ခဲသည့်ကျင့်ဝတ်အချို့ ပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းမည်

ယမန်နှစ်က သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

လာမည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ၊ လေ့လာစောင့်ကြည့် သူများ လိုက်နာရမည့် ကျင့်ဝတ် များနှင့်ပတ်သက်၍ ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်နေပြီး မကြာမီ အတည်ပြုနိုင်ရန် ဆောင်ရွက်နေ ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြော သည်။
မေလ ၁၄ နှင့် ၁၅ ရက်တို့ တွင် ကော်မရှင်က နိုင်ငံရေးပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ရန်ကုန်မြို့၌ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ကာ အဆို ပါကိစ္စရပ်အပေါ် ဆွေးနွေးညှိနှိုင်း မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘CSO တွေ၊ နိုင်ငံရေးပါတီ တွေနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေ ကို ဆွေးနွေးနေတာပေါ့။ အတည် တော့မပြုရသေးဘူး။ ဒီဆွေးနွေး ပွဲတွေမှာတော့ ကော်မရှင်က ဆောင်ရွက်နေတဲ့ မဲပေးပုံနည်း စနစ်တွေကို အသိပေးတာ။ ဒီ ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ တော့ မကျေလည်စရာမရှိပါဘူး။ ဝိဝါဒကွဲတာလေးတွေတော့ရှိတာ ပေါ့’’ဟု ဦးသောင်းလှိုင်က ပြော သည်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ လိုက်နာကျင့် သုံးရမည့် အချက်အလက်အချို့ တွင် အရပ်ဘက်အဖွဲ့အစည်းများ ဘက်မှလိုက်နာရန် ခက်ခဲသည့် အချက်အချို့ပါဝင်နေသဖြင့် ပြန် လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေး မှုပြုလုပ်မည်ဖြစ်ကြောင်း တက် ရောက်ခဲ့သူ Myanmar Network for Free and Fair Elections အဖွဲ့မှ အထွေထွေအတွင်းရေးမှူး မဇင်မာဦးက ပြောသည်။

မေလ ၁၄ ရက်တွင် ရန်ကုန် မြို့၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် လူမှု အဖွဲ့အစည်းများအကြား ပူး ပေါင်းညှိနှိုင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ယင်း ကိစ္စနှင့်ပတ်သက်၍ CSO များနှင့် ကော်မရှင်အကြား အချေအတင် ဆွေးနွေးမှုပြုခဲ့ရကြောင်း ၎င်းက ပြောသည်။

‘‘အဓိက,ကတော့ လေ့လာ စောင့်ကြည့်မယ့်သူတွေအတွက် ကော်မရှင်ကထုတ်ပေးမယ့် ကတ်ရဖို့အတွက် မူလက ရွေး ကောက်ပွဲမလုပ်ခင် ၁၅ ရက် အထိ လျှောက်ခွင့်ရှိတယ်လို့ ညှိ နှိုင်းထားတယ်။ တကယ်တမ်း ဒီနေ့ထွက်လာတဲ့အခါကျတော့ ရက် ၃၀ အလိုထိ နောက်ဆုံး လျှောက်ခွင့်ရှိတယ်ဆိုပြီးပါလာ တယ်။ အဲဒီအပေါ်မှာတော့ တော် တော်လေးအချေအတင်ဆွေးနွေး ရတဲ့ အနေအထားဖြစ်ခဲ့ပါတယ်’’ ဟု မဇင်မာဦးက ဆိုသည်။

မိမိတို့အနေဖြင့် တရားမျှတ ၍ လွတ်လပ်သော ရွေးကောက်ပွဲ များဖြစ်ထွန်းလာစေရေးဆန္ဒရှိ သည့်အားလျော်စွာ အဆိုပါ ရွေး ကောက်ပွဲတစ်ရပ်ဖြစ်မြောက် လာစေရန် ပူးပေါင်းဆောင်ရွက် နေကြောင်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယခုနှစ် အောက်တို ဘာလအကုန် နိုဝင်ဘာလဆန်း တွင် ကျင်းပပေးမည်ဖြစ်ပြီး လွတ် လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲအဖြစ် ကျင်းပပေးမည် ဖြစ်သဖြင့် အရပ်ဘက်အဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက် ကြရန် ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ထုတ်ဖော်ပြောကြားထား သည်။

7Day Daily

No comments:

Post a Comment