
အာရွှီးတဲ့ကိုကိုဇာတ် ကားတွင် လူမင်းနှင့်အပြိုင်သရုပ် ဆောင်ခဲ့သည့် Bobby Soxer က ၎င်းစိတ်ကြိုက်ကာရိုက်တာဖြင့် ရိုက်ခွင့်ရမည့် ဇာတ်လမ်းပုံစံကမ်း လှမ်းလျှင် ထပ်မံရိုက်ကူးမည်ဟု ပြောသည်။‘‘ကိုယ်လုပ်ချင်တာလုပ်ခွင့် ရတဲ့ဇာတ်လမ်းမျိုး ထပ်ရှိရင်ရိုက် မယ်။ ဘယ်လိုဇာတ်ရုပ်မျိုးရိုက် ချင်လဲဆိုတာတော့ မပြောပြတတ်ဘူး။ သီချင်းဆိုရင်တော့ ဘာပြီး ရင်ဘာလုပ်မယ်။ ဘယ်သီချင်း ပုံစံနဲ့လိုက်တယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်သိတယ်’’ဟု Bobby Soxer က ပြောသည်။
အခြားဇာတ်ကားများမရိုက် ဖြစ်သော်လည်း ဘိုဘိုထုတ်လုပ် ရေးအတွက် လွှမ်းပိုင်နှင့် ဗီဒီယို တစ်ကားရိုက်ကူးရန် အစီအစဉ်ရှိ သည်ဟု ဆိုသည်။
‘‘ကိုလွှမ်းပိုင်နဲ့ရိုက်မယ့်ကား က ဇာတ်လမ်းတော့မသိရသေး ဘူး။ ဒါပေမဲ့ ကိုဘိုစန်းထုတ် တယ်။ ကိုလွှမ်းပိုင်တို့ရိုက်တယ်။ ကိုယ့်လူတွေပဲဆိုတော့ ငြင်းစရာ အကြောင်းမရှိပါဘူး’’ဟု လွှမ်းပိုင် နှင့်ရိုက်မည့်ဇာတ်ကားအကြောင်း ကိုပြောသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် အမ်တီဗီများသာ ရိုက်ကူးဖြစ်နေပြီး ၎င်း၏ ပထမ တစ်ကိုယ်တော်အခွေ ၂၁ မှ သီချင်းများကိုလည်း ဆက်တိုက် ရိုက်ကူးမည်ဟု ဆိုသည်။
Bobby Soxer သည် ဇူလိုင် ၂၆ ရက်တွင် MCC ခန်းမ၌ပြုလုပ် မည့် Live in Yangon Party ဖျော်ဖြေပွဲတွင် ဂျေမီ၊ ရဲလေး၊ ဂျီတုန်း၊ လွှမ်းပိုင်၊ ရဲရင့်အောင် တို့နှင့်အတူ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။
7Day Daily
No comments:
Post a Comment