ဒီဂျေ Soda အပါအ၀င် ထိုင်းနာမည်ကျော် ဒီဂျေနှစ်ဦးဖြစ် သည့် Zuperl နှင့် DJ Paka တို့ ၏ ဖျော်ဖြေမှုများလည်းပါဝင်မည် ဖြစ်ကာ ည ၈နာရီတွင် စတင် ဖျော်ဖြေမည်ဖြစ်သည်။
ရုပ်ရည်ချောမောပြီး ခန္ဓာ ကိုယ်အချိုးအစားလှပခြင်းကြောင့် လူစိတ်ဝင်စားမှုများသည့် ဒီဂျေ Soda က လာရောက်ဖျော်ဖြေခြင်း ဖြစ်သည်။
‘‘ဖော်ရိန်း ဒီဂျေသုံးယောက် နဲ့ ပြည်တွင်းကဆို မန်ဘာကလပ် က ဒီဂျေတွေပါမယ်’’ဟု ပွဲစီစဉ် ရာတွင်ပါဝင်သည့် H-Life En-tertainment ဒါရိုက်တာ ဦး ရန်သိမ်းက ပြောသည်။
ထိုင်းအမျိုးသမီး DJ Paka ကို ဖေ့စ်ဘွတ်ခ်မှ ဆက်သွယ်မေး မြန်းရာ မြန်မာနိုင်ငံတွင် ဒီဂျေ Soda နှင့်အတူ လာရောက်ဖျော် ဖြေမည်ဟု အတည်ပြု ပြောကြား သည်။ ကန်တော်ကြီးဟိုတယ် မန် ဘာကလပ်၏ ၀င်ဆံ့သော လူဦး ရေအတိုင်းသာ လက်ခံမည်ဖြစ် ပြီး လက်မှတ်ဈေးနှုန်းကို မကြာမီ အတည်ပြုပြောကြားမည်ဖြစ် ကြောင်း ပွဲစီစဉ်ရာတွင်ပါဝင် သည့် Inspire Media & Enter-tainment ၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
7Day Daily



















No comments:
Post a Comment