Wednesday, October 7, 2015

Adidas ဖိနပ်စက်ရုံဖွင့်


Myanmar Pou Chen Co., Ltd. ၏ Adidas ဖိနပ်စက်ရုံကို မနေ့က ရန်ကုန်တိုင်း သာဓုကန်စက်မှုဇုန်တွင် ဖွင့်လှစ်သည်။
Myanmar Pou Chen Co., Ltd. ၏ မိခင်ကုမ္ပဏီသည် တရုတ် (တိုင်ပေ)တွင် တည်ရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန် နှင့် မက္ကဆီကိုနိုင်ငံများတွင် စက်ရုံ များတည်ဆောက်၍ ကမ္ဘာ့နာမည်ကြီး ဖိနပ် အမျိုးအစားများဖြစ်သည့် Adidas, Nike, Reebook, New Balanceနှင့် Puma စသည့် Bran-ded ဖိနပ်များကို ထုတ်လုပ်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။Adidas ဖိနပ်များကို တစ်နှစ်လျှင် ဖိနပ်အရန်ပေါင်း ၁ဝ သန်းကို ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ ကုမ္ပဏီအနေဖြင့် အမေရိကန် ဒေါ်လာ ၇၅ သန်းခန့်ကို ရင်းနှီးမြှုပ် နှံရန် စီစဉ်ထားပြီး ကနဦးအနေဖြင့် အလုပ်သမား ၆၅ဝ ခန့်နှင့် စတင် သွားမည်ဖြစ်ပြီး လုပ်ငန်းတိုးတက်မှု အခြေအနေအရ အလုပ်သမား တစ်သောင်းခန့် တိုးမြှင့်အလုပ်ခန့် သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ၌အလုပ်သမားများအား အခြေခံ တရက်လျှင် လုပ်အားခ ၃၆၀၀ ကျပ်သတ်မှတ်ထားသော် လည်း အလုပ်ရှင်တချို့ကလိုက်နာမရှိသည့်အတွက် အလုပ်သမားဆန္ဒပြမှုများဖြစ်ပေါ်နေသည်။


ဧရာဝတီ

0 comments:

Post a Comment