၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ၆နာရီခွဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆူပါချာလာစိုင်း ကွင်းမှာ ကစားမှာဖြစ်ပါတယ်၊ ဒီပွဲကို MRTV News Channel နှင့် MRTV Entertainment Channel တို့တွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ အစိုးရ သတင်းကဆိုပါတယ်။မြန်မာ့ လက်ရွေးစင်အသင်းဟာ အာရှဇုန်ရဲ့အုပ်စု G မှာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ယခုလက်ရှိမှာ မြန်မာအသင်း အနေနဲ့ (၃)ပွဲ ယှဉ်ပြိုင်ထားပြီး (၁)ပွဲသရေ၊ (၂)ပွဲရှုံး ရမှတ်(၁)မှတ်သာ ရရှိထားပြီး အဆင့်(၄) နေရာသာ ရရှိထားပါတယ်။
ဧရာဝတီ







0 comments:
Post a Comment