လာရှိုးမြို့နယ်တွင် ဓားကိုင်သောင်းကျန်းနေသော ဆယ်ကျော်သက်လူငယ် အဖွဲ့တစ်ဖွဲ့ကိုလာရှိုးမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။
လူငယ် ၇ ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၄င်းတို့သည် လာရှိုးမြို့နယ်တွင်ဓားကိုင်ပြီးရန်ဖြစ်ခြင်း၊ လုယက်မှုများကျူးလွန်ခြင်း၊ဓားဖြင့်ခုတ်ခြင်းစသည်တို့ကိုကျူးလွန်ကြကြောင်း ၊ ၄င်းတို့ကို လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ယခုလ ၆ ရက်နေ့ညတွင်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။ "သူတိုတွေနဲ့နောက်ထပ်ကွင်းဆက်တွေကိုလည်းဆက်လက် ဖမ်းဆီးမှုတွေလုပ်နေပါတယ်"ဟုလာရှိုးမြို့နယ်ရဲတပ်ဖွဲ့မှအကြီးတန်း အရာရှိတစ်ဦးကပြောသည်။
ဇေဝေယံ
ဓါတ်ပုံ - Lwin Oo facebook
Popular News Journal
No comments:
Post a Comment