ရွေးကောက်ပွဲနေ့မှာ တပ်ဧရိယာ အတွင်းရှိ မဲရုံတွေကိုပါတီတွေ နဲ့ လေ့လာရေးအဖွဲ့များစောင့်ကြည့်နိုင်ဖို့ အတွက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံတင်ပြထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရပါတယ်။
"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း သဘောတူတယ် ။လက်မခံနိုင်ရင် မဲရုံတွေကို တပ်ပြင်မှာဆောက်ဆိုပြီး ပြောဆိုထားတာလည်း ကြားရတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်အောင်က ပြောပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း လာရောက်စောင့်ကြည့်တဲ့ သူတွေကို လက်ခံဖို့ ၎င်းရဲ့ တပ်မတော်သားများကို ညွှန်ကြား ထားတယ် လို့ သိရကြောင်း ၎င်းက ဆိုပါတယ်။
စိုင်းလမင်း ၊ ကိုဦး
Popular News Journal
No comments:
Post a Comment