Monday, October 26, 2015

အကယ်ဒမီနဲ့ပတ်သက်ပြီး နှစ်နှစ်ဆက်တိုက်ကံကောင်းပါ့မလား - ခိုင်သင်းကြည်


ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားထဲက ဗေဒါဆိုတဲ့ ဇာတ်ရုပ်က နောက်တစ်ကြိမ်လုပ် ခွင့်မရတော့ဘူးဆိုတဲ့အပေါ်မှာ ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး အားရကျေ နပ်မှုကတော့ မခိုင်လုပ်ဆောင်ရတဲ့ သရုပ်ဆောင်ပိုင်းမှာ တာဝန်ကျေ အောင် စိတ်အပြည့်ထည့်ပြီး ကြိုး စားထားပါတယ်။ ပြောရတဲ့ ဒိုင်ယာ လော့ခ်ကလည်း ကောင်းပြီး၊ လုပ်ရတဲ့ကာရိုက်တာလေးကလည်း အရမ်းကောင်းတော့ အားရပါတယ်။ ဗေဒါ ဖြစ်ဖို့အတွက် ရိုက်ကူးတဲ့နေရာမှာ မိတ်ကပ်ဆရာတောင် ခေါ်မသွားဘူး။ကားကြီးတစ်ကားရိုက်ပြီဆို မခိုင်တို့က မင်းသမီးတွေဆိုတော့ လှချင်ကြတယ်လေ။ ဘယ်လောက်ပဲ ဆင်းရဲဇာတ်ပြောပြော၊ တောသူ ပဲပြောပြော။ အင်္ကျီက လုံးဝမထပ် စေရဘူး။ ဒီဇိုင်နာတွေနဲ့ပဲ အပ်တာ။ မခိုင်အပါအ၀င် မင်းသမီးတွေက သိပ်လှချင်ကြတာလေ။ အိမ်ဖော်ပဲ ဖြစ်စေ၊ တောထဲလယ်ထဲ ပဲစိုက်စိုက်၊ နှုတ်ခမ်းနီခိုးဆိုးရတာနဲ့။ ဘယ်ဘက် မှ မလျှော့ချင်ဘူး။ လှချင်တာကိုး။ ဒီဇာတ်ကားမှာ မိတ်ကပ်သမား လည်း မခေါ်ဘူး။ ကိုယ်လည်း မလိမ်းတော့ဘူး။ လှချင်စိတ်လေး မျို သိပ်ပြီး မလှမပဘဲ ရိုက်ထားတယ်။ ၀တ်တာကိုလည်း ပြည်တွင်းဖြစ် ချည်ထည်လေးတွေ၊ ဖိနပ်တွေပဲ ၀တ်ထားတယ်။

အပြင်မှာ စကားပြောတာက မိန်းကလေးပီပီသသနဲ့ နူးနူးညံ့ညံ့မနေတတ်ဘူးလေ။ ကာရိုက်တာနဲ့ ကိုက်သွားတယ်။ ကျန်တာကတော့ အခြေခံလူတန်းစား ပညာမတတ်တော့ စကားပြောကြမ်း တာလေးတွေရှိတာပေါ့။

လုပ်ပိုင်ခွင့်လည်း အများကြီးရတော့ အကယ် ဒမီမျှော်လင့်ချက်ဆိုရင် ပထမတစ်ခု လည်းရပြီးပြီ။ နောက်တစ်ခုလည်း လိုတော့လိုချင်တာပေါ့။ ပထမတစ် ခုရတော့ အပျော်လေးကပျော်ဖူး သွားတယ်။

အကယ်ဒမီနဲ့ပတ်သက် ပြီး ကံကလည်း သူများတွေထက် နောက်ကျပြီး နှစ်ပေါင်းများစွာစောင့် ပြီးမှ ရတာပါ။ ပရိသတ်က ဇာတ်ဆောင်ဆုရစေချင်တယ်။ ဇာတ်ပို့ဆု ရတာကိုပဲ ကံတော်တော်ကောင်းပြီး ကျေနပ်နေပါပြီ။ ကိုယ့်လိုပဲ တခြားဇာတ်ကားမှာ ကောင်းတဲ့မင်းသမီး တွေလည်း ရှိပါတယ်။ အများကြီးတော့ မမှန်းရဲပါဘူး။ မနှစ်ကလည်း ရပြီးပြီဆိုတော့ နှစ်နှစ်ဆက်တိုက် ပေးပါ့မလား။ ကံကလည်း နှစ်နှစ် ဆက်တိုက်ကောင်းပါ့မလား။ ကံပါပဲ။

8days/KyawMyoNaing

No comments:

Post a Comment