အနုပညာနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ခံ ယူချက်၊ အတွေးအခေါ် အမျိုးမျိုးက ဖန်တီး တဲ့ အနုပညာရှင်တိုင်းမှာရှိတတ်ကြပါတယ်။အဆိုတော် အမွန်းအနေနဲ့လည်း သူမဖန် တီးတဲ့ အနုပညာအပေါ် သူမဘယ် လိုခံယူထား သလဲဆိုတာ အမွန်းကို မေးကြည့်တော့“လူတိုင်းက ခံစားတတ်ကြတယ်။ ဝမ်း နည်းတယ်။ ဝမ်းသာတယ်။ စိတ်လှုပ်ရှားတယ်။ ကြောက်တယ်။ စိတ်ဆိုးတယ်။ ခံပြင်းတယ်။ အမြင်ကပ်တယ်၊ စောင်းတယ်၊ ထေ့တယ်ပေါ့။ အဲဒီရသမျိုးစုံကို လူတိုင်း ခံစားတတ်ပေမယ့် ထုတ်မပြောနိုင်ပါဘူး။ အဲဒီအရာတွေကို မက်ဆေ့ခ်ျအနေနဲ့ လောကကြီးမှာ ပြန်ကြားနိုင် အောင် ဖန်တီးပေးနိုင်တာ အနုပညာရှင်လို့ အမွန်းထင်ပါတယ်။ အဲဒီအနုပညာသွေးပါ လာတဲ့သူတွေဆီကထွက်လာတဲ့အရာကိုပဲ အမွန်းက အနုပညာလို့ ခံ ယူပါတယ်” လို့ အမွန်း က ဆိုပါတယ်။
ရှိုးတွေမှာ သီချင်းဆိုတဲ့အခါ အမွန်း အနေနဲ့အဆိုပိုင်းအပြင် ပါ ဖောမန့်ပိုင်းကိုလည်း ဦးစားပေးလေ့ ရှိပါတယ်။ ပါဖောမန့်ကို အဓိက ထားတယ်ဆိုတာက ကြည့်တဲ့ ပရိသတ်အနေနဲ့ အပန်းပြေသွားတာမျိုး၊ ပျော်ရွှင်သွားတာ မျိုးဖြစ်စေ ချင်တဲ့အတွက်ပါလို့လည်း အမွန်းက ဆိုပါတယ်။ အမွန်းအပေါ်ကို အမြဲ အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်ထားတဲ့ သူတွေရဲ့ စကားကိုလည်း အမွန်းအနေနဲ့ ဘယ် လိုမျိုးစိတ်ထားပြီး ဖြေရှင်းလဲလို့မေးတဲ့အခါ
“လူတစ်ယောက်စီရဲ့ စိတ်နဲ့ လူတစ် ယောက်စီရဲ့ ခံစားမှုက တစ်ယောက်ချင်းစီ ပိုင်ဆိုင်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ အမွန်းက ဘာကိုမှ ကန့်ကွက်တာလည်း မရှိဘူး။ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ လူတိုင်းရဲ့ အမြင်တွေကို အမွန်း လေးစားတယ်။ ဒီလိုအနုပညာလုပ်ငန်းကို လုပ်တဲ့အခါမှာ လူအများရဲ့ အာရုံ စိုက်ခြင်းကို ခံရတဲ့အ တွက်ကြောင့်မို့လို့ အပြောခံရ တာကတော့ နိစ္စဓူဝရှိမှာပဲ။ ဒါကတော့ အမွန်း မှ မဟုတ်ပါဘူး။ ရှေ့က အနုပညာရှင်ကြီးတွေ လည်း အပြောခံရတာပဲ။ အမွန်း စာတွေ ဖတ် တဲ့အထဲမှာ အမွန်းကြိုက်တာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ Nobody kick a dead dog ဘယ်သူမှ ခွေးသေကိုလာပြီး ခြေထောက်နဲ့ မကန်ပါဘူး။ ကိုယ်က တစ်ခုခုမဖြစ်နေ ဘူးဆိုရင် ဘယ်သူမှ အဖက်လုပ်ပြီး လာမပြော
ပါဘူး။ အကောင်းရော၊ အဆိုးရော ပြောခြင်း ခံရတာဟာ ကိုယ်သည် တစ်နေရာရာ၊ တစ်ခုခု မှာ ရှင်သန်နေလို့ပါပဲ။ ဒါဟာ အနုပညာရှင်မှ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်းပါပဲ။ ဘယ်သူမှ ခွေးသေကိုလာပြီး မကန်ပါဘူးဆိုတဲ့ စကားကို အမွန်းခေါင်းထဲမှာထည့်ထားပါတယ်” လို့ အမွန်းက ပြောပါတယ်။
‘မင်းပေးတဲ့အချစ်’တစ်ကိုယ် တော်အခွေ ထွက်ပြီး ၁နှစ်အကြာ အောက်တိုဘာ ၂၂ရက် နေ့မှာတော့ ‘Automatic’ ဒုတိယ တစ်ကိုယ် တော် အခွေကိုလည်း အမွန်းက ထွက်ရှိ တော့မှာပါ။ အင်္ဂလိပ်လို ၃ပုဒ်၊ မြန်မာလို ၃ပုဒ်နဲ့ အရော ၄ပုဒ်ပါဝင်မယ့် ကိုယ်ပိုင်သံစဉ် တေး သီချင်းတွေ နဲ့ပတ်သက်ပြီး အမွန်းက
“အမွန်းရင်ခုန်တယ်။ သီချင်းပုံ စံလေး တွေကအစ အမွန်းလိုချင်တဲ့ပုံစံဖြစ်တဲ့Dance Pop ကိုပိုပြီးတော့ အားစိုက်ထားတဲ့ သီချင်းခွေ ဖြစ်မှာပါ။ ဒီအထဲမှာ အမွန်းရေးထားတာ သီချင်း ၇ပုဒ်ပါပါတယ်။ ၁ဝပုဒ်မှာ ၇ပုဒ်ဆို တော့ ၇ဝရာခိုင်နှုန်းပါတာပေါ့နော်။ ပရိ သတ်ကို ထပ်တူကျ နိုင်မယ်ထင်တဲ့ အမွန်းရဲ့ ခံစားချက်လေးတွေနဲ့ တိုက်ဆိုင်မယ်ထင်တဲ့ အကြောင်းအရာတွေကို ချရေးထား တယ်။ Recording, Mixing, Mastering အကုန်လုံးကို အမွန်းLA မှာ အပြီး သတ်ထားတယ်။ အဓိကက တော့ အသက်တစ်နှစ်ကြီး သွားတဲ့
အမွန်းရဲ့ ပုံစံကို ပရိသတ်တွေ မြင်ရမယ်ထင် ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း
Popular Journal










0 comments:
Post a Comment