လက်မှတ်ရေးထိုးခြင်းမရှိ သေးသော အဖွဲ့အစည်းများနှင့် အပြုသဘောဆောင် တွေ့ဆုံဆွေး နွေးမှုများ ဆက်လက်ပြုလုပ်သွား ရန်နှင့် သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် အစိုးရအနေဖြင့် စာချုပ် ပါ စာသားနှင့် အနှစ်သာရတို့ကို လိုက်နာရန် တိုက်တွန်းထား သည်။
သဘောတူစာချုပ်ပါအချက် များကို လေးစားလိုက်နာ ရန်နှင့် စာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သူများနှင့် လက်မှတ်မရေး ထိုးခဲ့သူများထံ ပေးအပ်ခဲ့သည့် အာမခံချက်များကိုလေးစားလိုက် နာရန် ဗြိတိန်အစိုးရက မြန်မာ အစိုးရအား တိုက်တွန်းထားသည်။
နိုင်ငံရေးမူဘောင်ဆွေးနွေး ပွဲအပြီးသတ်စေရန်နှင့်နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် နိုင်ရေးအားထုတ်ရန်လည်း အမေ ရိကန်အစိုးရက တိုက်တွန်းထား သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြစ်ဒဏ်ဖြင့် ခြိမ်းခြောက်ခြင်းမ ဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးပွဲ များ ဆက်လက်ပြုလုပ်ရန် မျှော် လင့်သည်ဟုဆိုသည်။
ကချင်နှင့်ရှမ်းပြည်နယ်များ တွင် ထိုးစစ်များဆင်နွှဲနေခြင်းနှင့် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားသော အထောက်အ ပံ့များရောက်ရှိရန် ခက်ခဲနေခြင်း အရေးကိုလည်း စိုးရိမ်ပူပန်မိ သည်ဟု အမေရိကန်နိုင်ငံခြားရေး ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာ ဘီက ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် တွင် အဓိကတိုင်းရင်းသားအဖွဲ့ များ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့်အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ရန် လိုအပ်နေသေးသည်ဟု ဗြိတိန်အစိုးရက ထောက်ပြပြော ကြားထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ရှိသော်လည်း ပစ်ခတ်မှုများပြန် လည်စတင်နိုင်သည့် အန္တရာယ် ရှိ နိုင်သေးသည်ဟု ဗြိတိန်အစိုးရက ဆိုသည်။
‘‘ယနေ့မြန်မာနိုင်ငံတွင် လက် မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်ဟာ ငြိမ်းချမ်းရေး ရဲ့ ပထမဆုံး ခြေလှမ်းဖြစ်နေပါ တယ်။ နော်ဝေးအစိုးရကတော့ ဒီ လုပ်ငန်းစဉ်ကို ပါဝင်တဲ့အဖွဲ့တွေ ကို ဆက်လက်ထောက်ပံ့ဖို့အသင့် အနေအထား ရှိနေပါတယ်’’ ဟု နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန မှ ၀န်ကြီး Borg Brende က ပြော သည်။
ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံ ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုအပေါ် ကြိုဆိုထောက်ခံ ကြောင်း ထုတ်ပြန်ခဲ့သည်။
7Day Daily
No comments:
Post a Comment