Thursday, October 15, 2015

ရွေးကောက်ပွဲ သတင်းလာယူရန် ဗီဇာလျှောက်ထားသူ ပြည်ပသတင်းထောက် ၉၀ ဦးခန့်ရှိ

၂၀၁၂ ရွေးကောက်ပွဲတွင် သတင်းယူနေသည့် နိုင်ငံခြားသားသတင်းထောက်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကာလအတွင်း ပြည်ပ မှ လာရောက်သတင်းယူမည့် နိုင်ငံတကာ ဂျာနယ်လစ်များမှာ အောက်တိုဘာ ၁၅ ရက်အထိ စုစုပေါင်း ၉၀ ဦး ခန့်ရှိပြီး အဆိုပါ ဂျာနယ်လစ်များကို ဗီဇာသက် တမ်းတစ်လပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။ရွေးကောက်ပွဲတွင် သတင်း ယူရန် လျှောက်ထားသည့် နိုင်ငံတကာသတင်းဌာနများမှာ အေဘီစီ၊ အယ်လ်ဂျားဇီးယား၊ အဆာဟိရှင်ဘွန်း၊ ဘလွန်းဘာ့ဂ်၊ ချန်နယ်နယူးအေးရှား၊ ဝေါစထရိ ဂျာနယ်အပါအ၀င် နာမည်ကြီး ပြည်ပသတင်းဌာနများပါဝင်ပြီး အဆိုပါ သတင်းဌာနများမှသတင်းထောက် ၈၈ ဦးမှာ ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးအထိ မြန်မာနိုင်ငံတွင် နေထိုင်၍ သတင်းရယူကြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ကျော်က ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲမတိုင် မီ မဲဆွယ်စည်းရုံးမှုများကို သတင်းရယူပြီး ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထွက်ခွာမည့် ပြည်ပ သတင်းထောက်များမှာ စုစုပေါင်း ၅၂ ဦးရှိပြီး ၎င်းတို့မှာ ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ဦးမြင့်ကျော် က ဆက်လက်ပြောကြားသည်။

‘‘နိုင်ငံတကာ သတင်း ထောက်တွေအနေနဲ့ ရွေးကောက် ပွဲမှာ သတင်းရယူလိုတယ်ဆိုရင် သူတို့ရဲ့ သတင်းဌာနတွေကနေ သတင်းရယူလိုကြောင်း လျှောက် လွှာနဲ့ပြန်ကြားရေးဝန်ကြီးဌာနကို အီးမေးလ်နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို လျှောက် ထားရာမှာ ဘယ်ရက်ကနေ ဘယ် ရက်အထိ မြန်မာနိုင်ငံမှာနေမယ်၊ ဘယ်နိုင်ငံက သံရုံးမှာ ဗီဇာရယူ မယ်ဆိုပြီး ဖော်ပြပါရှိရပါမယ်။ နောက်ပြီး လာရောက်လိုတဲ့ သတင်းထောက်ရဲ့ နိုင်ငံကူးလက်မှတ် မိတ္တူလည်း ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ ဗီဇာရရှိဖို့ ထောက် ခံပေးမှာဖြစ်ပါတယ်’’ဟု ၎င်းက ရှင်းပြသည်။

ရွေးကောက်ပွဲ သတင်းယူ ခွင့်ဗီဇာများကို အောက်တိုဘာ နောက်ဆုံးပတ်အထိ လျှောက် ထားနိုင်ပြီး ဗီဇာဆက်လက် လျှောက်ထားမည့် ပြည်ပသတင်း ထောက်များရှိနေပြီး ထပ်မံတိုး လာနိုင်သေးကြောင်း ဦးမြင့်ကျော် က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံကို ရောက်ရှိပြီး မဲရုံများတွင် သတင်း ရယူမည့် ပြည်ပသတင်းထောက် များအနေဖြင့် မြန်မာနိုင်ငံ သတင်းထောက်များအသင်းနှင့် ဆက်သွယ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရယူခွင့် ကတ်ပြား ထုတ်ယူရမည်ဟုဆိုသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေ) တွင် ပြုလုပ်မည်ဖြစ် ပြီး ရွေးကောက်ပွဲကျင်းပရန် ၂၃ ရက်သာ လိုတော့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် သတင်းယူရန် ပြည်တွင်းရှိ ပုဂ္ဂလိက သတင်း ဌာနများလည်း ပြင်ဆင်နေပြီး အချို့သတင်းဌာနများမှာ ရွေးကောက်ပွဲကာလ သီးသန့်သတင်းထောက်များ ခေါ်ယူနေပြီ ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနေဖြင့် မဲရုံပေါင်း လေးသောင်းကျော်ရှိပြီး ပြည်ပစောင့်ကြည့်လေ့လာသည့် အဖွဲ့လေးဖွဲ့အနက် ဥရောပသမဂ္ဂ၏ ကာလရှည်စောင့်ကြည့်လေ့လာမည့် အဖွဲ့မှာ အောက်တိုဘာ ၁၁ရက်က လုပ်ငန်းစဉ် စတင်ရန် နိုင်ငံတစ်ဝန်းထွက်ခွာသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးအထိ သတင်း ယူမည့် သတင်းဌာနများတွင် စီအင်န်အင်န်၊ ဘီဘီစီ၊ အေဘီစီ၊ အယ်လ်ဂျားဇီးယား၊ အဆာဟိရှင်ဘွန်း၊ အင်န်အိတ်ခ်ျကေ၊ ရိုက်တာ၊ နယူးယောက်တိုင်းမ်၊ ဝေါစထရိစသော သတင်းဌာနများ ပါဝင်သည်။

7Day Daily

No comments:

Post a Comment