Sunday, October 11, 2015

တရုတ်အရှေ့ပိုင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်၊ (၁၇)ဦးသေ


တရုတ်နိုင်ငံ အရှေ့ပိုင်း ခရိုင်တစ်ခုရှိ စားသောက်ဆိုင် တစ်ဆိုင်၌ စနေနေ့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် လူ (၁၇)ဦးခန့် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အန်ဟွီခရိုင်၊ ၀ူဟန်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဂတ်စ်အိုးပေါက်ကွဲရာမှ မီးစွဲလောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် များကပြောဆိုခဲ့သည်။ သို့သော် အာဏာပိုင်များက ဖြစ်ရပ်အပြည့်အစုံကို ထုတ်ပြန်ခြင်း မပြုခဲ့ချေ။ သြဂုတ်တွင် နိုင်ငံအရှေ့မြောက်ပိုင်း တီယန်ကျင်းမြို့၌ ဓာတုပစ္စည်းများ သိုလှောင်ထားသော ကုန်လှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် မီးသတ်သမားများ အပါအ၀င် လူ (၁၆၀)ခန့် သေဆုံးခဲ့သည်။ တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းသိုလှောင်မှုနှင့် ပတ်သက်ပြီး စည်းမျဉ်းများ လျော့ရဲသောကြောင့် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ 


Source:Reuters
Messenger News Journal

No comments:

Post a Comment