Sunday, October 11, 2015
ပြည်ခိုင်ဖြိုးစည်းရုံးရေးယာဉ်တန်းရှေ့ ကားပိတ်ရပ်သဖြင့် ဖမ်းဆီးခံရသူအား ပြန်လွှတ်ပေးခဲ့ဟုဆို
မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ မဲဆွယ်စည်းရုံးသည့်ယာဉ်တန်းရှေ့၌ ကား ဖြင့်ပိတ်ရပ်သည့် အမျိုးသားတစ်ဦးကို ပါတီ မှအမှုဖွင့်ခြင်းမရှိသောကြောင့် ရဲစခန်းတွင် ထိန်းသိမ်းခြင်းမပြုဘဲ နေ့တွင်းချင်းပြန်လွှတ် ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သိရသည်။ပြီးခဲ့သည့် အောက်တိုဘာ ၈ရက် က ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီး ပတ်လမ်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးသည့်ယာဉ် ၁၄ စီးရှေ့၌ အမျိုးသားတစ်ဦးသည် အနက် ရောင် KLUGER ကားအမျိုးအစားဖြင့် လမ်းလယ်တွင်ရပ်တန့်ထားသဖြင့် ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့သောကြောင့် ၄င်း ကို နီးစပ်ရာနယ်မြေရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ရာ မဲဆွယ်စည်း ရုံးနေသောပါတီအား ရည်ရွယ်ချက်ရှိရှိဖြင့် နှောင့်ယှက်ခြင်းမဟုတ်သောကြောင့် ဖမ်း ဆီးအရေးယူခြင်းမပြုလုပ်ခဲ့ကြောင်း အမှတ် ၁ဝ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
''သောက်စားမူးယစ်နေပြီး လမ်း မပေါ်မှာ ကားရပ်ထားတယ်။ ပါတီဘက်က တော့ အစပိုင်းမှာတော့ စိတ်ဆိုးတာပေါ့။ သူတို့မဲဆွယ်နေတဲ့အချိန်မှာ ကားပိတ်ရပ် ထားတယ်ဆိုပြီး အဲဒီလူကိုစစ်ဆေးကြည့် တဲ့အခါမှ ပုံမှန်မဟုတ်ဘူး။ အရက်မူးနေ တာဆိုတော့ ထိန်းသိမ်းတာတွေမျိုး၊ အမှုဖွင့် တာမျိုးလဲမလုပ်ခဲ့ဘူး။ အဲဒီ့နေ့ကပဲ လွှတ် ပေးလိုက်တယ်''ဟု အမှတ် ၁ဝ ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးကြီးတစ်ဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသတင်းနှင့် ပြန်ကြားရေးဌာန မှ ဦးတင်အောင်က ''ကျွန်တော်တို့အတွက် လဲ ကြီးကြီးမားမားပြဿနာမရှိတော့ အမှု ဖွင့်တာမျိုးမလုပ်ခဲ့ပါဘူး''ဟု ပြောသည်။
FlowerNewsJournal
YangonMediaGroup

No comments:
Post a Comment