အာဖရိက
တတိုက်လုံးမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးနယ်ပယ် သတ်မှတ်ဖို့နဲ့ သမဂ္ဂအတွင်း
ပြုပြင်ပြောင်း လဲရေး အာရုံစိုက်ဖို့ အာဖရိကသမဂ္ဂ ထိပ်သီးညီလာခံကနေ
ဆော်သြလိုက်ပါတယ်။
အာဖရိကသမဂ္ဂရဲ့ အကြိမ် ၃၀ မြောက် ထိပ်သီးညီလာခံကို
အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်စ်အဘာ ဘာမှာ ဇန်နဝါရီ ၂၈ ရက်နေ့က
စတင်ဖွင့်လှစ်ခဲ့ပြီး အခုလို ဆော်သြလိုက်တာပါ။ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးစားခြိမ်းခြောက်မှု ဖြစ်လာနေတဲ့ စစ်သွေးကြွ တိုက်ခိုက်မှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်အခြေအနေ ရောက်နေပြီဆိုတာ ဒေသတွင်း ခေါင်းဆောင်တွေ က အချက်ပြလိုက်ပါတယ်။
မူးယစ်မှောင်ခိုမှု၊ လူကုန်ကူးမှုနဲ့ မတည်ငြိမ်မှုတွေ၊ ဒေသတွင်း စစ်သွေးကြွမှုတွေကို ကိုင်တွယ်နှိမ်နင်းမှုအ တွက် မြောက်အာဖရိကရဲ့ ဆဟဲဒေသ ဂျီဖိုက် ပူးပေါင်းတပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ချီးကျူးလိုက်ပါတယ်။
စစ်ဆင်ရေးတွေကို နိုင်ငံတကာက ပိုကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးဖို့ကိုလည်း သူက ဆော်သြလိုက်ပါတယ်။
အာဖရိက အသွင်ကူးပြောင်းရေး ရေရှည်ဖွံ့ဖြိုးမယ့် လမ်းကြောင်းအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရာ မှာ အောင်မြင်ရေးလို့ နာမည်ပေးထားတဲ့ ညီလာခံကို ၂ ရက်ကြာ ကျင်းပပြီး ဇန်နဝါရီ ၂၉ ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။
DVB

No comments:
Post a Comment