Monday, February 12, 2018

ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်ဆင်နှင့် ယင်လပ်တို့ ဂျပန်တွင်ရှိနေဟု ပြော


ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ ထပ်ဆင်နဲ့ ယင်လပ်တို့ မောင်နှမနှစ်ဦးဟာ လက်ရှိ ဂျပန်နိုင်ငံမှာ ရှိနေကြတယ်လို့ ထိုင်း ဒု-ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးတဦးလည်း ဖြစ်တဲ့ ပရာဝစ် ဝေါင်ဆူဝမ်က သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကို ဒီကိစ္စအပေါ် ထဲထဲဝင်ဝင် ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြောလိုက်တာပါ။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ထပ်ဆင်ဟာ လန်ဒန်မှာ အိမ်ခြံမြေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ပြီး ညီမဖြစ်သူဟာလည်း လန်ဒန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ကာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတော့ သူတို့မောင်နှမနှစ်ဦးကို တရုတ်နိုင်ငံမှာ ဈေးဝယ်ထွက်နေကြတဲ့ ပုံတွေ အွန်လိုင်းပေါ် တက်လာခဲ့တာ ဖြစ်ပါတယ်။

ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ ဆန်စပါးဝယ်ယူရေးကိစ္စ လျစ်လျူရှုမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရမယ့် ရုံးချိန်းနေ့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပြီး အချိန် ၁ လကျော်ကြာတဲ့အထိ ဖမ်းဆီးခြင်းမပြုနိုင်ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment