Wednesday, February 21, 2018

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို မြစ်ကြီးနားလူထုထောင်ချီဆန္ဒပြမည်


၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်တယ် လို့ မြစ်ကြီးနားခံတွေက ဒီကနေ့  သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။
ဆန္ဒပြပွဲကို ပါတီပေါင်းစည်းရေးကော်မတီက ဦးဆောင်တာဖြစ်ပြီး  ဆန္ဒပြမယ့် ရည်ရွယ်ချက်ကတော့ ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအား လူတစ်စု အကျိုးစီးပွားမှ အများပြည်သူနဲ့  နိုင်ငံတော် အကျိုးစီး ပွားဖော်ဆောင်ရေးဖြစ်တယ်လို့ ဒေါက်တာ M ကောန်လ ကပြောပါတယ်။

“ကချင်ပြည်နယ်မှာရှိတဲ့ လူအားလုံးနဲ့ဆိုင်တယ် ရှမ်းနဲ့လည်း ဆိုင်ပါတယ်။ ရှမ်းယဉ်ကျေးမှု တွေကိုလည်း အကူအညီတောင်းမှာဖြစ်တယ်။ ကျတော်တို့ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လို့ လူတစ်စု အကျိုးစီးပွားကနေ အများပြည်သူ အကျိုးစီးပွားတွက် ဖြစ်တယ်။ အစိုးရကလည်း သတိလက်လွတ် ဖြစ်ခဲ့သော် ပြန်ပြီးတည့် မတ်နိုင်အောင် မလွန်ခင်မှာ တည့်မတ်နိုင်အောင် ရည်ရွယ်ပါတယ်။ ဒီလိုဆန္ဒပြတာဟာ နိုင်ငံတော်အတိုင် ပင်ခံဆီလည်း တိုက်ရိုက်ကြားသိ နိုင်တယ်။ ဒါအပြင် ဝေဝါးနေတဲ့ဟာတွေကိုထောက် ပြလိုက်တော့ အကျိုး စီးပွားကလည်း ကြီးပါတယ်လို့”

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာပါတဲ့ အခန်း ၁၄ ခန်းလုံးမှာ ဝေဖန်စရာအချက်တွေ ပါတယ်လို့လည်းပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်မယ့်  ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား ဆန္ဒပြပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းကနေ မြစ်ကြီးနား မြို့တွင်းတပတ်ကို လူဦးရေ ၁၀၀၀ နဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။

DVB

No comments:

Post a Comment