Sunday, February 11, 2018

ရန်ကုန်မြို့လယ်က အတိုင်ပင်ခံပုံတူပန်းချီကား တိုင်းအစိုးရအဖွဲ့က ချိတ်ဆွဲခြင်းဖြစ်


ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး အဆောက်အအုံတစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် ပုံတူပန်းချီကားကို တိုင်းအစိုးရအဖွဲ့က ချိတ်ဆွဲခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ သိရှိရ သည်။
ယင်းသို့ချိတ်ဆွဲခြင်းသည် ဖေဖော်ဝါရီလ ၁၂ ရက် ကျရောက်မည့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ်ပိုင်းက စတင်ချိတ်ဆွဲခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက "တိုင်းအစိုးရက ပြည်​​ထောင်​စု​နေ့ကို ကြိုဆိုဂုဏ်​ပြုတဲ့​အ​နေနဲ့ ချိတ်​ဆွဲတာလို့ သိရတယ်​။ ပြည်​​ထောင်​စု​နေ့ အခမ်းအနားပြီးရင်​ ချိတ်ဆွဲထား တာဖြုတ်​မလားဆိုတာ​တော့ မသိရ​သေးဘူး"ဟု ပြောဆိုသည်။

ယင်းပန်းချီကားဗီနိုင်းကို ဆူးလေဘုရားအနီး ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့်၊ မဟာဗန္ဓုလ လမ်းထောင့်ရှိ အဆောက်အအုံတစ်ခုတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ ပြည်ထောင်စုနေ့အခမ်းအနားကို ယင်းအဆောက်အအုံအနီး မဟာဗန္ဓုလပန်းခြံတွင် တိုင်းအစိုးရက ကြီးမှူးကျင်းပမည်ဖြစ်သည်။

The Voice

0 comments:

Post a Comment