Monday, February 12, 2018

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းရုပ်တု ဖွင့်လှစ်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ကြေးရုပ်တုဖွင့်ပွဲကို ဗိုလ်ချုပ်မွေးနေု့ဖြစ်သည့် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)တွင် သာကတမြို့နယ် မြကန်သာပန်းခြံတွင် ကျင်းပ သည်။


ယင်းမှာ မြန်မာနိုင်ငံတနံတလျား၌ ဗိုလ်ချုပ်ရုပ်တုပေါင်းများစွာရှိသော်လည်း ကျောင်းသားခေါင်းဆောင်အဖြစ် ထုလုပ်ထားရှိသည့် ပထမဆုံးသော ရုပ်တုဖြစ်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်စီးရုပ်တု၊ ကိုယ်တပိုင်းရုပ်တုတို့ အမျိုးစုံရှိတယ်။ ဒါ ပေမယ့် သာကေတမှာ ထုဆစ်တဲ့ ကြေးရုပ်တုကတော့ ကိုအောင်ဆန်းကျောင်းသားဘဝက ရုပ်တုပါ။ ကျွန် တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက အသက်စွန့်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန် တော် သိတက်တဲ့အရွယ်ထဲက ဗိုလ်ချုပ်လို့ပြောရင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲမြင်မိတယ်။

ကျန်ဗိုလ်ချုပ်တွေကို ကျွန်တော်မသိဘူး။ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကို သရုပ်ဖော်တဲ့နေရာမှာ ခုလို သာကေတမြို့နယ် က ဗိုလ်ချုပ်ရဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဌပုံကို ထုဆစ်ခဲ့တဲ့အတွက် အထူးပဲ ကျေနပ်မိပါတယ်"ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောသည်။

အဆိုပါ ကိုအောင်ဆန်းကြေးရုပ်တုဖွင့်ပွဲအခမ်းအနားသို့ Nld အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း၊ ရန်ကုန် တိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သာကေတမြို့သူမြို့သား များတက် ရောက်ကြပြီး တေးသံရှင် ဒေါ်ရီရီသန့်မှ ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ မော်ကွန်းကိုသီဆိုပြီး တေးသံ ရှင်ကိုရဲလွင်နှင့် အခြား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာသူများကို ပဲပြုတ်/နံပြားများဖြင် တည်ခင်းဧည့်ခံခဲ့သည်။







သားချမ်းမြတ်
News Watch

0 comments:

Post a Comment