အခုလအတွင်း ကျင်းပဖို့ရှိနေတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ သတင်းရိုက်ကူး တင်ဆက်မယ့် ရုပ်သံမီဒီယာတွေအနေနဲ့ အရင်နှစ်က နှုန်းထားအတိုင်း ကျပ်သိန်း ၁၅၀ ပေးဆောင်ဖို့ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက သဘောတူညီလိုက်ပါတယ်။
Thursday, March 8, 2018
အကယ်ဒမီပေးပွဲ ရိုက်ကူးမည့် ရုပ်သံမီဒီယာများ ကျပ်သိန်း ၁၅၀ ပေးဆောင်ရန် သဘောတူ
အခုလအတွင်း ကျင်းပဖို့ရှိနေတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ သတင်းရိုက်ကူး တင်ဆက်မယ့် ရုပ်သံမီဒီယာတွေအနေနဲ့ အရင်နှစ်က နှုန်းထားအတိုင်း ကျပ်သိန်း ၁၅၀ ပေးဆောင်ဖို့ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက သဘောတူညီလိုက်ပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေး အမျိုးသမီးများ အင်တိုက်အားတိုက် ပါဝင်ရန် ဝန်ကြီးချုပ် တိုက်တွန်း
ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေ အင်တိုက်အားတိုက် အထူးပါဝင်ပြီး ဆောင်ရွက်ပေး ကြဖို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းလိုက်ပါတယ်။
ဗေဒင်ဆရာ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို နိုင်ငံတော် အကြီးအကဲထံ တိုင်ကြား
ဗေဒင်ဆရာရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာနတွေထံ တိုင်ကြားစာတွေ ပေးပို့ထားတယ်လို့ ကျူးလွန်ခံရသူတွေက ပြောပါတယ်။
ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဆရာတော်ဦးပါမောက္ခ ပြန်လွတ်လာ
အမေရိကန်သံရုံးရှေ့ ဆန္ဒပြမူဖြင့်လွန်ခဲ့သည့်လမှ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ ထောင်ဒဏ်ရက်စေ့ ပြန်လွှတ်လာပြီးနောက် ရွှေတိဂုံစေတီ အောင်မြေတွင် အပြစ် မရှိဘဲ ထောင်ကျခံနေရသူများအတွက် ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
ခရိုနီကြီးများ၏ ညည်းတွားမှုကြောင့် အခွန်ရှောင်ဆုကြေး အလောတကြီးပေးသနားမည့် အစီအစဉ်အပေါ် တာဝန်ကျေ အခွန်ထမ်းများနှင့် မျှော်လင့်တကြီး မဲပေးခဲ့ကြသော နင်းပြားပြည်သူများ စိတ်ဒဏ်ရာမရစေရန် အခွန်အကောက်ဥပဒေကြမ်းမှ ပုဒ်မများကို ပယ်ဖျက်ကာ နောင်အခါမှ ဥပဒေကြမ်းတစ်ခုအဖြစ် တင်သွင်းသင့်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
ခရိုနီကြီးများ၏ ညည်းတွားမှုကြောင့် အခွန်ရှောင်ဆုကြေး အလောတကြီးပေးသနားမည့် အစီအစဉ်အပေါ် တာဝန်ကျေအခွန်ထမ်းများနှင့်
မျှော်လင့်တကြီး မဲပေးခဲ့ကြသော နင်းပြားပြည်သူများ စိတ်ဒဏ်ရာမရစေရန်
အခွန်ကောက်ဥပဒေကြမ်းမှ ပုဒ်မများကို ပယ်ဖျက်ကာ နောင်အခါမှ
ဥပဒေကြမ်းတစ်ခုအဖြစ် တင်သွင်း သင့်ကြောင်း NLD ပါတီဝင် မွန်ပြည်နယ်မဲဆန္ဒနယ်
အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။
တရားမ၀င် မှောင်ခိုလုပ်ငန်းများ၊ အခွန်တိမ်းရှောင်သူများအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှု အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကျင့်ဆိုးများရှိဆဲဖြစ်သည့် ၀န်ထမ်းများလည်း ရှိသည်ကို ၀န်ခံကြောင်းစီမံ/ဘဏ္ဍာ ဒုတိယ၀န်ကြီး ပြောကြား
တရားမ၀င် မှောင်ခိုလုပ်ငန်းများ၊ အခွန်တိမ်းရှောင်သူများအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှု အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အပြင် အကျင့်ဆိုးများ
ရှိဆဲဖြစ်သော ၀န်ထမ်းများလည်းရှိဆဲ ဖြစ်သည်ကို ၀န်ခံကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
ပြောကြားသည်။
နေရပ်စွန့်ခွာ ဘင်္ဂါလီများအနေဖြင့် မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် ဆွေမျိုးများရှိရာ ဘင်္ဂလားဒေ့ရှ်သို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်ဟု သိရ
နေရပ်စွန့်ခွာဘင်္ဂါလီများအနေဖြင့် မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် ဆွေမျိုးများ ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ထံမှ Elie Wiesel ဆု ရုပ်သိမ်းမှု မြန်မာပြည်သူအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ၀ါရှင်တန်ရှိ မြန်မာသံရုံးကတုံ့ပြန်
အမေရိကန် Holocaust မော်ကွန်းပြတိုက်မှ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၂ ခုနှစ်ကပေးအပ်ချီးမြှင့် ခဲ့သည့် Elie Wiesel လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းကြောင်းမတ်လ ၇ ရက်ကထုတ်ပြန်ကြေညာ သည်။
ဆရာတော် ဦးဝီရသူ တရားဟောခွင့်ပြန်ရ
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် မတ်လ ၉ ရက် (ယနေ့) တွင် တရားဟောခွင့် ပြန်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသက မိန့်ကြားသည်။
ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အကြီးအကဲ တာဝန်မှ ရုပ်သိမ်းခံရ
ဘင်္ဂလာဒေ့ရှ် အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့/ Border Guard Bangladesh (BGB) အကြီးအကဲ ဗိုလ်မှူးချုပ် အဘူလ်ဟူစိန် ( Abul Hossain) ကို တာဝန်ရုပ်သိမ်းလိုက်ကြောင်း The Daily Star တွင် သတင်းဖော်ပြ သည်။
အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီကိုယ်စားလှယ်ဦးရေ တိုးချဲ့ဖွဲ့စည်းရန် NCA လက်မှတ်ထိုးအဖွဲ့များလိုလား
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)များတွင် ကိုယ်စားလှယ် ဦးရေ တိုးချဲ့ ဖွဲ့စည်းရေး NCA လက်မှတ်ထိုး အဖွဲ့များက လိုလားကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ ၀င် ဆလိုင်းယောအောင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ သွားမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ လယ်တွင် ဩစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ မတ်လလယ်တွင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်းပမည့် အာဆီယံ- ဩစတြေးလျ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် ဖိတ်ကြား ခံထားရပြီး သွားရောက်ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
နေပြည်တော် ငလျင်ကြောင့် စေတီတော်သုံးဆူ ထိခိုက်ပျက်စီး ရေလှောင်တမံများထိခိုက်မှု မရှိဟု အစိုးရ သတင်းထုတ်ပြန်
နေပြည်တော်ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ သော အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့် ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီတော် သုံးဆူထိခိုက်ပျက်စီးခဲ့သော်လည်း နေပြည်တော် ကောင်စီနယ်မြေရှိ ရေလှောင်တမံများ ထိခိုက်မှုမရှိ ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ငြိမ်း၊စု၊စီ ဥပဒေကြမ်းကို NLD အစစ်တွေကတင်လိမ့်မည်ဟု မထင်ထားကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ပြော
ငြိမ်း၊စု၊စီ ဥပဒေကြမ်းကို NLD အစစ်တွေက တင်လိမ့်မည်ဟု မထင်ထားကြောင်း ယခင်သမ္မတရုံးဝန်ကြီး ဟောင်းနှင့် ယခု ကယားပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။
Monday, March 5, 2018
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် မောင်းသူမဲ့ လေယာဉ်အသုံးပြုကာ မိတ္ထီလာမြို့နယ်နိမိတ်အား မြေပုံထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ မတ် ၃ ရက် နံနက် ၉
နာရီခန့်တွင် မိတ္ထီလာမြို့နယ် စည်ပင်သာယာနယ်နိမိတ်အား စည်ပင်
သာယာရေးဦးစီးဌာန၏ ပထမဆုံး ''မောင်းသူမဲ့လေယာဉ်ပျံဖြင့် မြေပုံ
ထုတ်လုပ်ခြင်းလုပ်ငန်း''ကို မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာ
တက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။
သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများအား သေဒဏ်ပေးရေး လက်မှတ်ကောက်ခြင်းကို လက်မှတ်သုံးသိန်းရသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဟုဆို
သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများအား သေဒဏ်ပေးရေး လက်မှတ်ကောက်ခံခြင်းကို လက်မှတ်သုံးသိန်းရသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြ စ်ကြောင်း သိ ရသည်။
အဂတိလိုက်စားမှုတိုင်စာများထဲတွင် ရဲများအများဆုံးတိုင်ခံရ
အဂတိလိုက်စားမှုကော်မရှင်အသစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း
တိုင်စာပေါင်း(၁၅၀၀) နီးပါး လက်ခံရရှိပြီး ၄င်းတိုင်ကြားစာများတွင်
ရဲများကိုမကျေနပ်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားသည်မှာ
အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီ၏ အဖွဲ့ဝင်
ဒေါ်လဲ့လဲ့သွင်က ပြောသည်။
FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်အချက် ခိုင်လုံသော အထောက်အထားမတွေ့ရှိဟု တရားခံရှေ့နေပြော
FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီးအား မျိုးဇော်ဦးက မုဒိမ်းကျင့်မှုကျူးလွန်ခဲ့သ
အမျိုးသမီးများနေ့တွင် CEDAW စာချုပ်၏ အပိုဒ် ၂၉ကိုလက်မှတ်ရေးထိုးပေးရန်အစိုးရကိုတောင်းဆို
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး
သဘောတူညီချက်စာချုပ် (CEDAW) အပိုဒ် (၂၉) ကို အမျိုးသမီးများနေ့တွင်
မြန်မာအစိုးရမှ လက်မှတ်ရေးထိုးပေးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အမျိုး သမီးလုပ်ငန်းကော်မတီမှတောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်အမြဲရပ်တည်မည်
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေးကိစ္စအတွက်
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အမြဲတမ်း
ရပ်တည်ဖြေရှင်း သွားမယ်လို့ အမေရိကန်သမ္မတရဲ့ တောင်အာရှ ဆိုင်ရာ အထွေထွေ
အကြံပေးပုဂ္ဂိုလ် မစ္စလီဆာကာတစ်ကပြောပါတယ်။
အနိမ့်ဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ပေးရန် အတည်ပြုဆုံးဖြတ်
အနိမ့်ဆုံးလုပ်ခလစာအဖြစ် မူလအဆိုပြုထားတဲ့အတိုင်း တစ်ရက်ကို ကျပ် ၄၈၀၀
ဆုံးဖြတ်လိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၆ ရက်ထိ မြန်မာ-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ကင်းလှည့်ခြင်းကို
မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ
နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB တို့ ပူးပေါင်း၍ နယ်စပ်မှတ်တိုင် (၄၂)မှ (၅၅)ထိ
၁၄ ကြိမ် ကင်းလှည့် ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်း စု စီ ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံရေးသိက္ခအကျမခံဘဲ လွှတ်တော်က ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်ညိုညိုသင်းပြော
ဒီမိုကရေစီလွှတ်တော်၊ ဒီမိုကရေစီအစိုးရဖြစ်သည့် အတွက် ဒီမိုကရေစီစံနှုန်းကို ချိုးဖောက်သည့် ငြိမ်း စု စီ ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံရေးသိက္ခာအကျမခံဘဲ လွှတ်တော် က ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြော ကြား လိုက်သည်။
ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ကန့်ကွက်သူများ
ငြိမ်းစုစီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးပြီး ကန့်ကွက်တဲ့ကိုယ်စားလှယ် များခဲ့ပါတယ်။ အဆိုပါဥပဒေကြမ်းကို ဒီနေ့လွှတ်တော်မှာ ကိုယ်စားလှယ် ၅ ယောက် ပါဝင် ဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၂ ယောက်အပါအ၀င် ကိုယ်စားလှယ် ၄ ယောက်က ကန့်ကွက် ဆွေးနွေးသွားကြတာာ ဖြစ်ပါတယ်။


























