အမေရိကန် စီအိုင်အေ၏ ညွှန်ကြားရေးမှုး မိုက်ပွန်ပီရိုဟာ မြောက်ကိုရီးယားနိုင်ငံကို လွန်ခဲ့တဲ့နှစ်ပတ်လောက်က လျှို့ ဝှက်စွာသွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ ဆုံခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဧပြီ ၁၈ ရက်မှာ ဖော်ပြလာပါတယ်။
အမေရိကန် CNN သတင်းဌာနကလည်း ဒီလိုတွေ့ ဆုံမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပေးခဲ့တယ်လို့ ဖော်ပြလာခဲ့သလို သွားရောက်တွေ့ ဆုံခဲ့သူ ပွန်ပီရိုဟာလည်း လစ်လပ်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ရစ်တေလာဆန်ရဲ့ နေရာအတွက် လျာထားခံရသူလို့ သိရပါတယ်။ စီအိုင်အေ ညွှန်ကြားရေးမှုးရဲ့ မြောက်ကိုရီးယား လျှို့ ဝှက်ခရီးစဉ်ဟာ ဧပြီလ ၁ ရက်က စတင်ခဲ့တာဖြစ်ဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့ စ် သတင်းစာက ရေးသားဖော်ပြခဲ့သလို ညွှန်ကြားရေးမှုး ပွန်ပီရိုဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူးစေလွှတ်ခြင်းခံရသူဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုပဲ ဒေါ်နယ်ထရမ့်ကိုယ်စား ကင်ဂျုံအန်နဲ့ တိုက်ရိုက်စကားပြောဆိုခဲ့ရသူ့ ဖြစ်လာစေခဲ့ပြီးတော့ မြောက်ကိုရီးယားရဲ့ နုကလီးယားလက်နက်အရေးကို တားဆီးလိုတဲ့ ဆန္ဒနဲ့ စေလွှတ်ာလည်း ဖြစ်နိုင်တယ်လို့ CNN က သုံးသပ်ထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ ဟာလည်း မေလနောက်ဆုံးပတ် သို့ မဟုတ် ဇွန်လ အစောပိုင်းမှာ သီးသန့် တွေ့ ဆုံမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ လည်း သတင်းဌာနက ရေးသားပါတယ်။ ဒီတွေ့ ဆုံမှုမတိုင်ခင် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ပြုံးယမ်မှာ သွားရောက်တွေ့ ဆုံဖို့ လည်း ရှိတာကြောင့် မြောက်ကိုရီးယားဟာ ကမ္ဘာနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံမှုတွေ ဖြစ်လာတော့မလားလို့ စောင့်ကြည့်ချင်စရာလည်း ဖြစ်နေပါတယ်။
ဒီမတိုင်ခင်မှာလည်း ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ ဆုံထားတာတွေ ရှိတဲ့အတွက် ကိုရီးယားပင်နဆူလာကျွန်းဆွယ်အရေး အနောက်အုပ်စုစိတ်ပူနေရမှုကို အတန်ငယ်လျော့ချသွားနိုင်တော့မယ့်အနေအထားလည်း ဖြစ်တယ်လို့ သတင်းဌာနတွေက သုံးသပ်လာနေပါတယ်။ ဒါပေမယ့် စီအိုင်အေ ညွှန်ကြားရေးမှုး ပွန်ပီရိုရဲ့ ကင်ဂျုံအန်နဲ့ သွားရောက်တွေ့ ဆုံမှုကတော့ ဘယ်လိုအကြောင်းတရားကို ဦးတည်ဆွေးနွေးခဲ့တယ်ဆိုတာ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပွန်ပီရိုအနေနဲ့ လည်း နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင် လပိုင်းကာလလေးအတွင်းမှာပဲ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်ကိုသွားရောက်တွေ့ ဆုံခွင့်ရသူဖြစ်လာခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖို့ အတွက် အမေရိကန်လွှတ်တော်ရဲ့ ထောက်ခံမှုကို စောင့်ဆိုင်းနေရသူလည်း ဖြစ်ပါတယ်။
မိုးတိမ်
အကုန်သိသတင်းဌာန







0 comments:
Post a Comment